"ဝင်ခဲ့ပါ..."
Jimin ကလေးအစား Model တစ်ယောက်ကိုမြှေတောင်ထပ်မြှောက်ဖို့ပြင်ရသည်...ကလေးကို အခုသူလုံးဝမပိုင်တော့ သူတို့ Ent ကစာချုပ်မပြည့်မချင်း အလုပ်ကိစ္စအကုန်စီစဉ်ပေးရမည် ...ကလေးကသူစီစဉ်သမျှလိုက်လုပ်ပေးရုံပင်..
အခုဆို Jungkook ကလည်း ကလေးကို Brand တွေရဲ့ Ambassador အဖြစ်လုပ်ပေးဖို့ စီစဉ်နေပြီ...သူ့ကလေးပင်ပန်းတော့မှာကြောင့် မြန်မြန် Model အသစ်တစ်လက်စင်တင်ပေးရတော့မည်ဖြစ်သည်....
"အဟမ်းး"
ချောင်းဟန့်သံကြားမှ အသိပြန်ဝင်လာရင်း သူကိုယ်တိုင်စိတ်တိုင်းကျပုံစံအဖြစ်ရွေးချယ်ထားသော အရှေ့ကကောင်လေးအားကြည့်မိတော့သည်...
Jimin ပြုံးပြလိုက်တော့ ကောင်လေးက မပြုံးချင်ပြုံးချင်ပြုံးပြလာသည်....
"Min Yoongi ဟုတ်တယ်နော်..."
"ဟုတ်လို့ပဲအရှေ့ရောက်နေတာပေါ့"
..ဟ ...ဘာလည်းဟ...
Jimin ဆွံ့အသွားရသည်... ဒီကောင်လေးက CV Form တွေတစ်ထပ်တည်းကမှ ထီမထင်အပြုံးလေးကြောင့် သူရွေးထားခဲ့တာ..နောက်ကြောင်းစုံစမ်းကြည့်တော့ အိမ်ပေါ်ကဆင်းလာတဲ့သူဌေးသားဂျစ်တူးလေးတဲ့...
Model ဖြစ်ဖို့ပုံ 5 ပုံပါထည့်လျှောက်ရတော့ သူပုံ 5 ပုံလုံးက တစ်နေရာတည်းထိုင်ပြီး ခပ်တည်တည် post တွေပဲပေးနေကာ နောက်ဆုံးခပ်ချေချေအပြုံးလေးကအရမ်းမိုက်တာကြောင့် Park Jimin တို့ရွေးမိခြင်း....
ူသူက SNS တွေပေါ်မှာနာမည်ကြီးသည်..အရမ်းချေတယ်လို့သတင်းကြားပေမယ့် အခုလို ကိုယ့်အလုပ်ရှင်ဖြစ်လာမယ့် CEO ကိုချေနေတာတော့ ကောင်းမလား...
"Min Yoongi ကိုယ်ကမင်းထက်အသက်ကြီးတယ်နော် "
"အဟက် သိတယ်လေ..."
"ဒါဆို..."
"Sorry Baby Boss ..ကျွနှ်တော်ကအခုလိုပဲပြောတတ်လို့ပါ"
"ဘာ...ဘာ Baby Boss ..."
"ဟုတ်တယ်လေ Boss က ကလေးနဲ့တူတာကို ကျွန်တော့်ထက်အသက်ကြီးပေမယ့် ကျွန်တော့်ထက်အရပ်လည်းပုတယ်မဟုတ်လား"
"ဘာ Min Yoongi မင်း..."
"စိတ်လျှော့ပါ Baby Boss ရာ... ကျွန်တော် Mr.Yoon နဲ့တွေ့လိုက်မယ် Baby Boss ကျွန်တော့်ကိုရွေးချယ်ပြီးသားဆိုတာ သိပြီးသား"
CZYTASZ
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...