"ငယ်..."
Jungkook တံခါးကိုထုကာခေါ်နေမိသည်...သူ့ကိုငယ်အခွင့်အရေးယူတဲ့သူလိုအထင်အမြင်သေးသွားမှာ မလိုလား...သူငယ့်ကိုချစ်သည်...
တဖြည်းဖြည်းနေရင်းနဲ့သိလာရတာက သူငယ့်ကိုမြတ်နိုးစွာချစ်မိနေခြင်း...ဖွင့်မပြောပဲနေမိတာမှားပြီထင်သည်..ငယ်အထင်လွဲနေပြီ...
"ငယ် တံခါးဖွင့်နော် ကိုယ်ဝင်လာရမလား"
Tae ငိုနေမိသည်..သူအော်နေတာတွေ တိုးတိုးမျှသာကြားရသည်....အဖတ်မလုပ်ချင်..ဒီလူမချစ်ပဲ ကိုယ့်အပေါ်အသားယူနေတာကိုမုန်းမိသည်...
ကိုယ်ကချစ်ပေမယ့် သူကမှမချစ်တာ..သူကကိုယ့်ကိုအရုပ်လိုပဲသဘောထားသည်...တစ်ခုခုသူမကြိုက်တာလုပ်မိတာနဲ့အမြဲဆူခံရသည်...အမြဲသူ့မျက်နှာအရိပ်အကဲကိုပဲကြည့်နေရသည်..
သူ့အပိုင်ဆိုပြီး ပိုင်စိုးပိုင်နင်းဆက်ဆံခံရတာကိုပင်စိတ်မနာနိုင်တဲ့ကိုယ့်ကိုယ်ကိုယ်လည်းမုန်းမိသည်...
...တကယ်ပဲ ရူးနေပြီပဲ Kim Taehyung.....
"ငယ်...."
ဘယ်လောက်ကြာအောင်တွေးနေမိမှန်းမသိ အနားရောက်လာကာ သူခေါ်တော့မှအသိပြန်ဝင်သည်...
"ထွက်သွား မမြင်ချင်ဘူး.."
"တောင်းပန်ပါတယ် ငယ်ရယ်...ကိုယ့်ကြောင့်လန့်သွားမှာပဲ..ကိုယ်လေ"
"မချစ်ပဲနဲ့ ခင်ဗျားတမင်အနိုင်ကျင့်နေတာ...ထွက်သွား..မမြင်ချင်ဘူးလို့ဆို..အဟင့်....ဟင့်"
Jungkook အော်ဟစ်ငိုယိုနေသော ငယ်အားကြည့်ကာ ရင်နာရသည်...ကိုယ်ထွက်သွားမပေးနိုင်ဘူးငယ်..အခုချိန်ထွက်သွားရင် ငယ့်ကိုလွှတ်ထားသလိုဖြစ်ပြီး တစ်ယောက်တည်းကိုယ့်ကိုမုန်းတဲ့အတွေးတွေတွေးနေမှာကို ကိုယ်ခွင့်မပြုနိုင်ဘူး...
Jungkook ငယ့်ကိုယ်လေးအား သိမ်းကြုံးဆွဲဖက်လိုက်ရင်း
"ထွက်မသွားဘူးငယ် ငယ်ကြိုက်သလိုကိုယ့်ကိုထုရိုက်ပါ ...ကိုယ့်ကိုငယ်ကြိုက်သလိုပြောပါ ကိုယ်ခံပါ့မယ်.."
"ဟင့်အင်း မဖက်နဲ့ ...ဖယ်..လွှတ်...အဟင့်..လူယုတ်မာ..."
"ဟုတ်ပါပြီ မရုန်းပါနဲ့တော့ငယ်ရယ် ငိုလည်းမငိုပါနဲ့တော့ ကိုယ်တောင်းပန်ပါတယ်ကွာနော် ...ငယ်ငိုရင်ကိုယ်ရင်တွေနာလို့ပါ.."
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...