Part-14

10.2K 858 6
                                    

"Kim Taehyung ဒါကဘယ်လည်း ထိုင်နေ"

Jungkook အလုပ်ကပြန်လာတော့ ထမင်းစားနေရာကနေ Jungkook ကိုမြင်တော့ ထထွက်သွားဖို့ပြင်နေတဲ့ကောင်လေးကြောင့် လှမ်းအော်ကာတားရသည်...

မျက်နှာလှလှလေး ဆူပုတ်သွားသည်မှာပင် အသည်းယားစရာတောင်ကောင်းသည်ဟုပင်ထင်နေမိသည်..

"အစ်ကိုလေး တစ်ခါတည်းထမင်းစားလိုက်မလား"

စောတာကြောင့် မီးဖိုချောင်အကူ အဒေါ်ကြီးတို့တောင်မပြန်သေးပေ..Jungkook လက်ကာပြလိုက်ရင်း

"နေပါစေ အဒေါ်ကြီး ကျွန်တော်စားလို့အဆင်မပြေလောက်ဘူးရယ်..."

Jungkook စကားအဆုံး ရောက်ကတည်းကငြိမ်ကာမုန့်စားနေသောTaehyung က မျက်လုံးလေးလှန်ကြည့်လာသည်...

...ဘာလည်း သူ့နှုတ်ခမ်းက ဘာလို့ပေါက်နေတာလည်း...

နှုတ်ခမ်းထောင့်ကဒဏ်ရာကိုကြည့်ကာ စိုးရိမ်နေမိသေးသည်....ဘာမှမစားပဲ မိမိကိုပဲထိုင်ကြည့်နေတာကို သိနေတာကြောင့် Taehyung ပါးဖောင်းလေးတွေမှာ ရဲနေတော့သည်....

Jungkook ရှေ့ကနေရှက်နေသော ကောင်လေးကိုကြည့်ပြီး အသည်းယားလာသည်... အဒေါ်ကြီးတို့လည်းရှိနေသေးတာကြောင့် နမ်းပစ်ချင်စိတ်ကိုထိန်းကာ အပေါ်ထပ်တက်ခဲ့သည်...

..Kim Taehyung က အန္တရာယ်များတယ်....

................

"ဟေ့ကောင် မင်းငါ့သားမဟုတ်ဘူးလား တောက် အခြားယောကျာ်းလေးအသားယူတာခံလာရတယ်လို့ကွာ တယ်...ငါလုပ်လိုက်ရ.."

"ဖေကြီးရယ် စိတ်လျှော့ပါ ဖြစ်တာတွေကဖြစ်ပြီးသွားပြီပဲ ကလေးတွေကိုမဆူပါနဲ့တော့"

Jimin ဒူးထောက်ရတာ ဒူးတွေတောင်ကျိန်းလာသည်...ဟိုအချေကောင်ရဲ့မိဘတွေရှေ့မှာ ဒူးထောက်နေရသည်...ကျန်တာကအကြောင်းမဟုတ် ဒင်းက သူကပဲမူးရူးပြီး ဒင်းအပေါ်မှားမိလို့ တာဝန်မယူတဲ့သူလိုတိုင်တန်းနေသေးသည်...

ဘေးနားမှာ အပြိုင်ဒူးထောက်နေသော အချေကောင့်ကိုကြည့်ပြီး တွေးရင်းဒေါသထွက်ရသည်...ကိုယ်ကမူးလို့ပဲထားပါတော့ သူကအကောင်း ကိုယ်မဟုတ်တရုတ်လုပ်တာမြင်ရင် ရုန်းလေ...အခုတော့ Park Jimin တို့ နေရင်းထိုင်ရင်း ယောကျာ်းကရဦးမယ်...

💜 Lovely Tae 💜 (Completed)Where stories live. Discover now