Jungkook ခေါင်းတွေပင်ကိုက်လာရသည်...မနေ့က Dinner ပွဲမှာ သူနဲ့ Jimin ထိုးကြိတ်နေတဲ့ပုံတွေအပြင် သူက Taehyung ကိုဆွဲခေါ်သွားတဲ့ပုံရယ် Jimin က Taehyung ကို သူ့အကျီခြုံပေးပြီးခေါ်သွားတဲ့ပုံတွေရယ် SNS မှာပလူပျံနေတော့သည်...
အခုလည်း Ph တွေကတစ်ဂွမ်ဂွမ်.... Ent ရှေ့သတင်းထောက်တွေမှာလည်းတစ်အုပ်ကြီး...ဟိုကောင်လေးကလည်းအလုပ်မလာ..
....Nothing like us...
"ကျစ် ...Hello ပြော.."
"Jungkook ကလေးအလုပ်ဆင်းလား"
"မလာဘူး မင်းကဘာလုပ်မလို့လည်း"
"မင်းလည်းမြင်ပြီးပြီပဲ ငါ့ Ent ရှေ့လည်းသတင်းထောက်တွေအုံနေတာ ဘယ်လိုထွက်ရမယ်မသိဘူး"
"ဘယ်သူ့ကြောင့် ဒီလိုတွေဖြစ်တာလည်း..."
"အခုချိန်မှာ ငါ့ကိုအပြစ်တင်မနေနဲ့ Jungkook ကလေးလည်းဒီသတင်းကိုတွေ့မှာပဲ သူစိတ်ရှုတ်နေမှာ.."
"သုံးပွင့်ဆိုင်တဲ့လား Park Jimin မင်းကြောင့်အဲ့တာ "
"ဘာလို့ငါ့ကြောင့်လည်း မင်းထက်အရင်ငါကကလေးကိုချစ်တာ မင်းကမှငါတို့နှစ်ယောက်ကြားနောက်လူ
""ငါဖြေရှင်းလိုက်မယ် မင်းနဲ့စကားများဖို့အချိန်မရှိဘူး ဒါပဲ"
Jungkook Jimin နဲ့ပြောပြီးတော့ စိတ်ညစ်ညူးစွာပင် ထိုင်ခုံပေါ်ခေါင်းကိုလှန်ချရင်း စဉ်းစားနေမိသည်..တက်လာတဲ့သတင်းက CEO နှစ်ယောက်နဲ့ Model V တို့ရဲ့သုံးပွင့်ဆိုင်အချစ်ရေးတဲ့...
လောလောဆယ် Media တွေကိုသတင်းလှမ်းပိတ်ရသည်..ဒါပေမယ့် ကောင်လေးသိနေမှာအသေအချာ..မနေ့ကနမ်းလိုက်မိတာကြောင့် ကောင်လေးကသူ့ကိုတွေ့ရမှာတောင်ရှောင်နေသည်...
.................
Taehyung အစ်ကိုလေးနဲ့မတွေ့ရဲတာကြောင့် အခန်းထဲကနေမထွက်ပဲနေနေမိသည်...သူအလုပ်သွားမှ ကိုယ့်ဘာသာထွက်လာကာ အဒေါ်ကြီးပြင်ပေးထားတဲ့မနက်စာစားရသည်...
အန်ကယ်ကြီးနဲ့တီတီကြီး ပြောင်းသွားကတည်းကရင်း အစ်ကိုလေးက ဝန်ထမ်းတွေအကုန်ဖြုတ်လိုက်သည်..ကျန်တာဆိုလို့ ထမင်းချက်တဲ့အဒေါ်ကြီးတို့တူဝရီးနှစ်ယောက်သာကျန်သည်...ခြံစောင့်ဦးလေးကြီးရယ်ကားမောင်းပေးတဲ့ဦးလေးကြီးရယ် ဝန်ထမ်းလေးယောက်သာထားတော့သည်...
KAMU SEDANG MEMBACA
💜 Lovely Tae 💜 (Completed)
Fiksi PenggemarTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...