Taehyung ကျောင်းဆင်းတော့ အတန်းရှေ့မှာ သူ့အားစောင့်နေတဲ့မနက်က Hyg...
Jimin က Taehyung ကိုမြင်တော့လက်လှမ်းပြသည်..
"Tae"
"Hyg ... ဘယ်လိုလုပ် Tae ကိုလာစောင့်နေတာလည်း "
Jimin သူ့အနားသို့ ခြေထောက်ကလေး ထော့နဲ့ထော့နဲ့ဖြင့်လျှောက်လာသော Taehyung လေးအားကြည့်နေရင်းပင် ကြည်နူးနေမိသည်..Taehyung အားနွေးထွေးစွာပြုံးပြလိုက်ရင်း
"Tae ခြေထောက်ကို ဆေးခန်းပြပေးရင်းနဲ့ Tae အိမ်လိုက်ပို့မလို့လေ "
"အာ သက်သာနေပါပြီ Hyg ရဲ့... Tae ဘာသာပြန်နိုင်ပါတယ် "
"မဟုတ်တာ Tae ရယ် ... မငြင်းပါနဲ့နော် အိမ်ထိလိုက်မပို့ခိုင်းချင်ရင်တောင် ဆေးခန်းတော့ပို့ပေးပါရစေ"
Jimin တအားပြောနေတာနဲ့ Taehyung လည်းအားနာလာကာ
"ဟုတ် ရပါတယ် Hyg"
နှစ်ယောက်လုံး ဘေးကအခြားသူတွေကြည့်နေတာကိုမမြင်ပဲ Jimin ကားပေါ်တက်ရန်အလာ Taehyung လက်အားအနောက်ကနေဆွဲလာတဲ့သူ...
"Jungkook ဘာလုပ်တာလည်း "
Jungkook က Jimin ကိုမျက်မှောင်ကျုံ့ကြည့်လိုက်ပြီး..
"မင်းနဲ့မဆိုင်ဘူး ဒါငါနဲ့ Taehyung ကိစ္စ"
Taehyung မှာ Jungkook နဲ့ Jimin ကြားဟိုတစ်လှည့်ဒီတစ်လှည့်ကြည့်ရင်း
"Kim Taehyung အခုချက်ချင်းငါနဲ့လိုက်ခဲ့ "
Jimin က Taehyung အားပွေ့ရန်ပြင်တော့ Jungkook က တွန်းလွှတ်လိုက်ရာ
"အာ့ "
မြေကြီးပေါ်ပုံခနဲကျသွားသောကိုယ်လေး
"Jeon Jungkook မင်းဘယ်လိုလုပ်လိုက်တာလဲ Tae ခြေထောက်ကမကောင်းသေးဘူးကွ မင်းသိရဲ့လား Tae ကိုမကူညီချင်နေ မနှောက်ယှက်ပါနဲ့ "
Jimin က Jungkook ကိုပြောပြီးတော့ Taehyung ကိုကားပေါ်တင်ကာ အမြန်မောင်းထွက်သွားသည်...
Jungkook သူ့အား Jimin ဒေါသတကြီးပြောဆိုသွားတာကြောင့် အံ့သြနေရသည်..
...ဘာလည်း ဒီကောင် Kim Taehyung အတွက်နဲ့ ငါ့ကိုပြောသွားတယ်ပေါ့လေ....
ဆံပင်တွေထဲ လက်ချောင်းလေးတွေနဲ့ထိုးဖွရင်း လေပူတွေသာမှုတ်ထုတ်နေမိသည်...
VOUS LISEZ
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...