Jimin တို့ ဘူဆန်ကနေပြန်လာခဲ့သည်...Yoongi နဲ့အတူ မင်္ဂလာပွဲပြီးတာနဲ့ မေမေတို့ကိုပြန်ပို့ကာ ပြန်လာခြင်း...
မေမေကတောင်အံ့သြနေသည်...Taehyung ကိုပဲယူမယ်ထင်နေတာတဲ့လေ..Yoongi အနားမှာမရှိတုန်း Jimin ကိုပြောသွားသေးသည်...
မင်္ဂလာပွဲကို Tae လေးမလာပါ...Jimin လည်း ဖိတ်သာဖိတ်ရတာမလာစေချင်ပါ....Tae လေးရှေ့မှာဘယ်လိုတောင်ဆောင်ရမလဲလေ...
Tae လေးမင်္ဂလာပွဲကို Jungkook မဖိတ်ပေမယ့် Tae လေးကဖိတ်သည်...Jimin မသွားမိ...ဘယ်သူကများ ကိုယ်ချစ်ရတဲ့သူအခြားတစ်ယောက်နဲ့ မင်္ဂလာဆောင်တာကိုကြည့်ရက်မှာတဲ့လဲ...
အခု Tae လေးကမကြည့်ရက်လို့မလာခြင်းမဟုတ်...လာရင်တောင် သူကမဆောင်ပြဝံ့သူသာ...Jungkook မလွှတ်လို့မလာတာပဲဖြစ်မည်...
"Baby ဘာတွေစဉ်းစားနေတာလည်း "
"အော် ဘာမှမဟုတ်ပါဘူး ဝင်ရအောင်လေ..."
Yoongi က မိဘတွေလက်ဖွဲ့ထားတဲ့အိမ်မှာပြောင်းနေဖို့ပြောပေမယ့် Jimin က နေသားကျနေတဲ့တိုက်ခန်းကိုသာနေချင်တာကြောင့် ပြောင်းမနေဖြစ်ကြပေ...Yoongi က Jimin ထက်အငယ်ဆိုပေမယ့်သူ့ကိုဆို အလိုလိုက်ပေးတာတွေ့ရသည်...
"Baby ရေချိုးတော့လေ ကိုယ် Baby စားဖို့တစ်ခုခုလုပ်ထားပေးမယ်"
"အင်း..."
Jimin အခန်းထဲဝင်လာမိသည်.. အနည်းဆုံးတော့သူကကိုယ့်ယောကျာ်းမဟုတ်လား...ကလန်ကဆန်မလုပ်ချင်ပေ..Yoongi ကလည်း သူ့သဘောမပါရင်ဘယ်ဟာမှအတင်းအကျပ်မလုပ်....Yoongi က ဟင်းလည်းချက်တတ်သေးသည်...Yoongi လာနေကတည်းက သူပဲဟင်းချက်ကျွေးတာဖြစ်သည်...
Yoongi အခန်းထဲဝင်သွားသော Jimin အားကြည့်ရင်း
"Baby ချစ်လာအောင်ကိုယ်ကြိုးစားမှာ...အခုလို Baby ကိုပိုင်ရဖို့ ဘယ်လောက်တောင်လုပ်ယူထားရတာမှတ်လို့ "
.......
"ငယ်...…"
Jungkook စိတ်မရှည်ချင်တော့ ဒီလောက်ခေါ်နေတာကို Jeon Taehyung တို့ကလူကိုအဖတ်မလုပ်..ဖင်မဲကောင်နဲ့သာဆော့နေသည်...အလုပ်ကပြန်ရောက်လာကတည်းက ကိုယ့်အနားမကပ်..
"ငယ် ကိုယ့်ကိုအဖတ်မလုပ်တာလား"
လေသံမာမာနဲ့မေးမှ ဟိုမဲလုံးကောင်ကိုလွှတ်ပြီး ဆူပုတ်ပုတ်နဲ့အနားလာထိုင်တော့သည်...
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...