Part-6

10.8K 974 22
                                    

5 နှစ်ဆိုပေမယ့် 7 နှစ်တောင်ကြာခဲ့ပြီ...Jungkook Ent တစ်ခုမှာ ပူးတွဲဒါရိုက်တာ လုပ်ရင်း US မှာကြာနေခဲ့သည်..ဒီကာလတွေထဲ ကောင်လေးကိုလုံးဝမဆက်သွယ်ဘဲနေခဲ့မိသည်...

အခုပြန်ဖို့အချိန်ကျပြီ..အကြောင်းအရင်းက စားပွဲပေါ်တင်ထားတဲ့ မဂ္ဂဇင်းမျက်နှာဖုံးမှ ညို့အားပြင်းတဲ့အကြည့်တွေနဲ့အတူ နုဖတ်နေတဲ့မျက်နှာချောချောလေးနဲ့သူ့ရဲ့ကောင်လေး....

V ဆိုပါလား...Kim Taehyung မင်းပြောတဲ့အလုပ်ဆိုတာ Model လား...မျက်နှာဖုံးပေါ်က Producer ဆီသို့အကြည့်ရောက်တော့

"ဘာ Park Jimin"

ဟား ဒီကောင်...

ဒုန်းခနဲစားပွဲပေါ်လက်သီးနဲ့ထိုးသံကြောင့် အခန်းထဲပြေးဝင်လာသော Jungkook အစောင့်တွေ

"Boss ဘာဖြစ်လို့လည်း "

"အခုချက်ချင်း Korea ကိုပြန်မယ် စီစဉ်လိုက်"

"ဟုတ်ကဲ့ Boss"

...........

"V ဒီ Setting တစ်ခန်းရိုက်ပြီးရင် နားမယ် "

"ဟုတ်ပြီ"

မိတ်ကပ်ပြင်နေရာမှ လာပြောတဲ့မန်နေဂျာအားပြန်ဖြေရင်း မျက်ဝန်းတို့ကိုမှိတ်ထားမိသည်...

"Tae ..."

နူးညံ့တဲ့ခေါ်သံအဆုံး ခပ်ဖွဖွလျှောက်လာတဲ့ခြေသံ

"Hyg ...."

အလိုက်သိစွာ ထွက်သွားပေးသော Jimin ရဲ့ ဝန်ထမ်းတွေ..

ဟုတ်ပါတယ် ဒါက CEO Park Jimin.. ရှေ့ကကောင်လေးက နာမည်ကျော် Model V..
Park Jimin ရဲ့ မြေတောင်မြှောက်ပေးမှုနဲ့အတူအောင်မြင်ကျော်ကြားလာတဲ့ V ကို လိုချင်နေတဲ့ Ent တွေကဝိုင်းဝိုင်းလည်ပင်..

Jimin တို့ကလည်း ကိုယ့်မြတ်နိုးရာလေးကို သေချာကိုကာကွယ်စောင့်ရှောက်ထားသည်..ကတိအတိုင်း Taehyung ကျောင်းအပြီးပြန်လာကာ Taehyung ကို သူ့ Ent မှာလုပ်ဖို့ Jungkook အန်ကယ်ကြီးနဲ့ တီတီလေးဆီမှာ ကိုယ်တိုင်ခွင့်ပြုချက်လိုက်တောင်းခဲ့သည်...

အပြီးခေါ်ဖို့သွားပေမယ့်လည်း ကောင်လေးက သူ့ဘာသာပိုက်ဆံရှာပြီးမှ အကျေဆပ်ပြီးထွက်လာချင်သည်ဟုဆိုတာကြောင့် Jimin အတင်းအကျပ်မလုပ်ခြင်းသာ..အခုဆို မြတ်နိုးရာလေးက ဝင်ငွေအမြောက်အမြားပိုင်ဆိုင်ထားပေမယ့်လည်း အဲ့ဒီသိန်းတစ်ရာကို ဘာလို့ခုထိမဆပ်သေးဘဲ ဘာလို့အဲ့ဒီအိမ်မှာပဲနေနေတယ်ဆိုတာ Jimin နားမလည်...

💜 Lovely Tae 💜 (Completed)Wo Geschichten leben. Entdecke jetzt