1. Z

1.1K 68 5
                                    

ℹ️World 4's Villain Boss = ရန်မိုဟန် (or) ရန်ဟန်

ℹ️World 4's Nan Xuan = ချင်ပုယောင်း

ℹ️Ning Ning = တရုတ်ကားတွေထဲမှာ ဘုရင့်မိဖုရားတွေကို ခေါ်တဲ့ဟာ။ ဒီမှာတော့ အရှင်မလို့ပဲ သုံးပါမယ်။

ℹ️Emperor = ဧကရာဇ် =ဘုရင် =အရှင်လို့ပဲ သုံးပါမယ်။

▶️▶️▶️▶️▶️▶️▶️▶️▶️▶️▶️▶️▶️

အခု နမ်ရွမ်းရောက်နေတဲ့ "ချီးမု"ဆိုတဲ့ အအေးနန်းဆောင်က နားထောင်လို့တော့ သိပ်မကောင်းဘူး။

အစေခံမလေး ချွေ့ဟွမ်း ကတော့ သန့်ရှင်းရေးလုပ်နေရင်း အသံတိတ်ငိုသည်းနေသည်။
"အရှင်မ၊ အရှင်က ဘယ်လိုလုပ် အရှင်မကို ဒီလိုလုပ်ရက်တာလဲ? အရှင်မ နန်းတော်ထဲကို ဝင်လာတာ သုံးလလောက်တောင်ရှိပြီ။ သူက တစ်ခါမှလည်း အရှင်မဆီ မလာဖူးဘူး။ ပြီးတော့ ဒီနေ့လဲ ဟိုမကောင်းတဲ့ လီစူးဖေးကြောင့် အရှင်မကို ရိုက်ပြီး အအေးနန်းဆောင်ကို ပို့လိုက်သေးတယ်။ အရှင်က ချင်မိသားစုပေါ်မှာ အေးစက်လိုက်တာ။"

နမ်ရွမ်းက ရှောင်ပါးပေးထားတဲ့ ခန္ဓာကိုယ်အားဆေးတွေ တိတ်တိတ်လေးသောက်လိုက်သည်။ ပြီးတော့ သူမရဲ့ အရိုးတွေက ပြန်လည်ပြုပြင်သွားခဲ့သည်။ သူမရဲ့ ကုတင်ဆီကို ဖြည်းဖြည်းချင်းသွားပြီး လဲလျောင်းလိုက်သည်။ သူမက တိုးညင်းစွာပြောလိုက်သည်။ " အရှင်က ချင်မိသားစုအပေါ် ဆန့်ကျင်ဖို့တွေးမှာ(အငြိုးထား)ပဲ ကြောက်တာပါ။"

ကောင်မလေးက ထိပ်လန့်သွားပြီး "ဘယ်လို? ဘာလို့ အရှင်က အကျိုးဆောင်တဲ့သူကို ရှင်းပစ်မှာလဲ? အကယ်၍ ချင်သခင်ကြီးသာ မရှိရင် ဒီ ယန် တိုင်းပြည်ဆိုတာ ရှိလာမှာလဲ။"

နမ်ရွမ်း ကလေးမကို လှမ်းကြည့်ရင်း စိတ်ထဲကနေပြောလိုက်သည်။ သူမရဲ့ အမေက ဘယ်လိုလုပ်ပြီး ဒီအရူးကို ပေးလိုက်တာလဲ? ဘာလို့ ဒီလို စကားတွေကို လွယ်လွယ်နဲ့ ပြောနိုင်တာလဲ?

သိပ်မကြာခင်မှာပဲ နမ်ရွမ်း သိလိုက်ရသည်။ ဒီကောင်မလေးက မထင်ရပေမယ့် လျှို့ဝှက်ကျွမ်းကျင်တဲ့သူပဲ။ အထူးသဖြင့်၊ သူမရဲ့ ကိုယ်ဖော့သိုင်းပဲ။ သူမက နန်းတွင်းထဲမှာ ခေါင်မိုးတွေပေါ် ခုန်နိုင်ပြီး နံရံတွေကို ဖောက်နိုင်သည်။ သူမ သွားချင်ရင် ဘယ်နေရာမဆိုသွားနိုင်တယ်။
အဲ့တာက သောက်ရမ်းမိုက်တယ်!!!

VHBA : Tyrant's Cold Palace Abandoned Fei (Myanmar Translation)Where stories live. Discover now