3. U

945 142 2
                                    

""" Ahhh, A lot of Poisonous Snakes """

စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်နဲ့။ တတ်တတ်ကြွကြွ အမှု့ထမ်းချင်တဲ့ အစေခံလည်း ရှိသေးတယ်။ ရှောင်ပါးကတော့ နမ်ရွမ်းရဲ့ ဘဝက အရမ်းကို သက်တောင့်သက်သာဖြစ်နေတယ်လို့ ထင်သည်။

သူက ဗီလိန်ဘောစ့်ကြီးရောက်နေတာတဲ့အကြောင်း နမ်ရွမ်းကို တကယ်သတိပေးချင်သည်။

အတိအကျပြောရရင်၊ ဒီနေ့တွေမှာ နေ့တိုင်းလိုလို ဘုရင်က ပြန်လှည့်မသွားခင် နမ်ရွမ်းကို အကြာကြီး ကြည့်နေပြီးတော့ အထင်သေးတဲ့အကြည့်နဲ့ ထွက်သွားတတ်သည်။

သို့ပေမယ့် ဒီနေ့တော့ အာဏာရှင်ဘုရင်က ပုံမှန်ထက် နည်းနည်းပိုကြာအောင် ကြည့်နေသည်။ သူ့ရဲ့ အမူအရာက မှုန်ကုတ်နေပြီး သရော်ပြုံးမရှိပေ။

သူက ဒီဘုရင့်စိတ်ထဲ အတတ်အကျဖြစ်နေတယ်လို့ တွေးခဲ့သည်။ evil values တွေ လျော့မသွားရင်တောင်မှ ဒါကကောင်းတဲ့ အရာပါပဲ။ ဟီးး...ဟီးး

ဘယ်လိုဖြစ်ဖြစ် ရှောင်ပါးရဲ့ စိတ်ကောင်းလေးက ကြာကြာမခံလိုက်ပါဘူး။ အဲ့ဒီညမှာပဲ ရှောင်ပါးက နမ်ရွမ်းရဲ့အော်သံကြောင့် လန့်နိူးလာခဲ့သည်။

ရှောင်ပါးက ဝှါးသန်းလိုက်ပြီး "ဘာဖြစ်တာလဲ? WTF !! အာာ... ဘာလို့ အဲ့မှာ အဆိပ်ရှိတဲ့မြွေတွေ အများကြီးရှိနေတာလဲ?"

နမ်ရွမ်းရဲ့ တဆောင်လုံးက မြေကြီးပေါ်မှာကော၊ ကုတင်ပေါ်မှာပါ အဆိပ်ပြင်းတဲ့ မြွေတွေ ပြည့်လို့နေသည်။ မစမ်းရောင် အစက်အပြောက်ရှိတဲ့မြွေတစ်ကောင်က နမ်ရွမ်းရဲ့ ခေါင်းပေါ်မှာရှိတဲ့ ကုတင်တိုင် ပေါ်တတ်လာပြီး ရှူးရှူး မြည်သံပြုနေသည်။

နမ်ရွမ်းက အဲ့မျက်လုံးသေးသေးလေးတွေကို အကြာကြီး စိုက်ကြည့်နေခဲ့သည်။ အစိမ်းရောင်မြွေက နမ်ရွမ်းဆီ သူ့ရဲ့ခေါင်းကို ယိမ်းထိုးနေပေမယ့် ရှေ့တော့ ဆက်မတိုးလာခဲ့ပေ။ အဲ့ဒီအစား အိပ်ရာပေါ်ခုန်စွခုန်စွနဲ့ နမ်ရွမ်းရဲ့ လက်ဆီ လာနားသည်။ သူ့ရဲ့လျှာကို ဆန့်ထုတ်ပြီး နမ်ရွမ်းရဲ့ လက်ဖမိုးကို ဆက်ကနဲ ရွေ့လိုက်သည်။

တခြားအဆိပ်ရှိတဲ့မြွေတွေလည်း ထိုဖြစ်ရပ်အတိုင်းပင်။ သူတို့က သူမ့အနားမှာ ရစ်ဝဲနေပြီး သူတို့ရဲ့ ချစ်ခင်မှု့ကို ပြသနေသည်။

VHBA : Tyrant's Cold Palace Abandoned Fei (Myanmar Translation)Where stories live. Discover now