"""Look, Perform a Sword Dance, Drink Tea and Bask in the Sun"""
ရှောင်ပါးက နမ်ရွမ်းရဲ့ သံသယကို ကြားလိုက်တော့ သူက သူ့ရင်ဘတ်ကို ပုတ်ရင်း ထပ်ပြီး အတည်ပြုပေးလိုက်သည်။ "ဘယ်တုန်းကများ ငါ ကတိမတည်ခဲ့ဖူးလို့လဲ?"
နမ်ရွမ်းက ဟီးဟီးလုပ်ရင်း သူမရဲ့ မျက်လုံးတွေ မှိတ်လိုက်ပြီး တစ်ရေးအိပ်လိုက်တော့သည်။
ရှောင်ပါးက နမ်ရွမ်းရဲ့ စကားက လှောင်သလိုလို မယုံသလိုလိုနဲ့ ပြည့်နေတယ်လို့ အမြဲခံစားရသည်။
"ဒါအမှန်ပဲ။ ဒီတစ်ခါ ငါ မင်းကို တကယ်မလိမ်ဘူး။ ငါက ဒီဘုရင်ရဲ့ လျှို့ဝှက်ချက်အကြီးကြီးကို သိတယ် !!!!"လို့ ရှောင်ပါးက မြန်မြန်ပဲပြောခဲ့သည်။
ဒါက အရမ်းကိုယုံရတဲ့ သားရဲကြီး ဖြစ်သည်။ နမ်ရွမ်းရဲ့ မခံချင်အောင် ဟီးဟီး လုပ်လိုက်တာက ဒီသားရဲကြီးရဲ့ စွမ်းဆောင်ရည်ကို စော်ကားခဲ့သည်။
နမ်ရွမ်းက ပျင်းရိစွားနဲ့ သူမရဲ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး ပြောခဲ့သည်။ "အို... လျှို့ဝှက်ချက်ကြီးကြီးက ဘာလဲဆိုတာ ငါလဲ မသိရပါလား?"
ရှောင်ပါးက တီးတိုးဆိုလိုက်သည်။ "ငါ မင်းကို ပြောပြမယ်။ အို့..။ ဒီဘုရင်ရဲ့ အသွင်အပြင်ကိုပဲ မကြည့်လေနဲ့။ သူက ယောကျာ်းပီသပြီး အရပ်ရှည်တယ်ဆိုပေမယ့် တကယ်တမ်းတော့ .... ဟီးးဟီးး ... သူ့မှာ ကာမတတ်ကြွတဲ့ စိတ်မရှိဘူး။"
နမ်ရွမ်းရဲ့ မျက်လုံးတွေက ပြူးကျယ်လာပြီး ချက်ချင်း တောက်ပစွာ ရွန်းလဲ့သွားသည်။ ရှင်းပြလို့ မရတဲ့ စိတ်လူပ်ရှားမှု့ သူမရဲ့ တကိုယ်လုံးပြန့်နှံ့သွားသည်။ သူမက တောင်ပံတွေထွက်လာပြီး ချက်ချင်းကို ထပျံတော့မလို ဖြစ်သွားသည်။ "ရှောင်ပါး။ နင် ငါ့ကို မလိမ်ဘူးနော်။ မလိမ္ဘူးမလား?"
"မလိမ္ဘူး။ သူက အရင်ဘဝကတော့ ကာမစိတ်ရှိတယ်။ ဒါပေမယ့် သူရဲ့ ရင်ထဲက အရိပ်မည်းကြီးကြောင့်မို့လို့ သူက ဒီဘဝမှာတော့ မလုပ်နိုင်တော့ဘူး။"
ဒါပေမယ့် နောက်ရက် အနည်းငယ်ကြာတော့ ရှောင်ပါး စပြီး ပြောဆိုနေတော့သည်။
ချွေ့ဟွမ်းကတော့ နေ့တိုင်း ပုံမှန်ပဲ လျောက်တင်ပြခဲ့သည်။ ဘုရင်က တစ်နေ့က Xing ကို အလိုလိုက်ရင် တမြန်နေ့ကျရင် Zhao Rong ကို အလိုလိုက်ပြီး မနေ့ကတော့ လီစူးဖေးကို အလိုလိုက်နေခဲ့ပြန်သည်။
YOU ARE READING
VHBA : Tyrant's Cold Palace Abandoned Fei (Myanmar Translation)
RomanceNovel: "VHBA :The villain has blackened again " Author(s): 裸奔的馒头 English Translator: Novice Translation Link: https://www.novicetranslations.com/project-list/ongoing/the-villain-has-blackened-again/ ‼️This story is not belong to me, just for Myanm...