"""Words of Love, Man Fondly Listens"""
နမ်ရွမ်းက ရုတ်တရက် ရန်ဟန်ရဲ့လက်ကို ကိုင်ပြီး သူမရဲ့ ခေါင်းကို အရှက်သည်းကာ ငုံ့လိုက်သည်။
"အကိုဟန်၊ ဒီဘုရင်အကြောင်း မပြောဘဲနေရအောင်။ ဒါမှ ကျွန်မတို့ရဲ့ စိတ်(ခံစားချက်)ကို မသက်ရောက်မှာ.... ကို တကယ် ဒီည ဒီမှာ မနေဘူးလား? ကျွန်မ အနာဂတ်မှာ ရှင့်ရဲ့ မိန်းမဖြစ်ဖို့ ရေစက်ရှိတယ်လို့ တွေးပြီးသားမို့၊ ထမင်းတနှပ် ပိုချက်ရတာ ကျွန်မ စိတ်မရှိပါဘူး။"ရန်ဟန်က ရုတ်တရက် သူ့ရဲ့ လက်ကို ထုတ်လိုက်သည်။ သူရဲ့ မျက်လုံးတွေက ၂ကြိမ်လောက် လက်သွားပြီး တီးတိုးဆိုလိုက်သည်။
"ယောင်းယောင်း၊ ကို မင်းကို တကယ် တန်ဖိုးထားတယ်။ ဒါကြောင့် ကို မင်းကို ဒီလို မဆက်ဆံချင်ဘူး။"နမ်ရွမ်းက သူမရဲ့ နှလုံးသားထဲမှာ ရယ်မောလိုက်သည်။
"ဟား ဟား ဟားး ဟား၊ ရှောင်ပါး၊ ရှောင်ပါး၊ ငါ ဘာလုပ်ရမလဲ? ငါ တကယ်ကို ရယ်ချင်တယ်။ သူက မထောင်မတ်နိုင်တာ အရှင်းကြီးကို... ဒါပေမယ့် သူက ကြီးမြတ်တယ်လို့ ပြောနေတယ်။ အိုးး အမယ်လေး... ငါ ရယ်ရတာ သေတော့မယ်။"ရှောင်ပါးက သူမကို သူမရဲ့ နှလုံးသားထဲ ရယ်မောခြင်းတွေ ပြည့်သွားတဲ့ထိ စောင့်ပြီး ဟာသနှောပြီး ပြောလိုက်သည်။
"ဒီလို ဘောစ့်မျိုး ရှာပေးတဲ့ ဒီနတ်ဘုရားသားရဲကောင်ကြီးကိုပဲ ကျေးဇူးတင်လိုက်ပါ။ ထပ်ရှင်းစရာမလိုပါဘူး။"နမ်ရွမ်းက အမြန်ပြောခဲ့သည်။
"ကျေးဇူးတင်ပါတယ်၊ ရှောင်ပါး။ ဒီအကြိမ်မှာ နင်က နောက်ဆုံးတော့ ယုံကြည်ရတာပဲ။"💬🤣 [ သူတို့ ဘာသာ ပျော်နေရှာတာ 🤣] 💬
ရှောင်ပါးက ခဏလောက် ရှက်သွားသည်။
"အားယားး။ မင်း ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ မင်း ငါ့ကိုသာ အားကိုးလိုက်၊ ပြီးတော့ နောက်ထပ် ဒီသားရဲကောင်ကြီးကို သံသယမဝင်နဲ့တော့။ မင်းက ဒီအာဏာရှင် ဗီလိန်ဘောစ့်ရဲ့ evil အမှတ်တွေကို ရှင်းဖို့ နည်းလမ်းရှာရုံပဲ။ နောက်ကမ္ဘာအတွက် မင်းကြိုက်တဲ့ အခြေအနေကို တောင်းဆိုလို့ရတယ်။"ဒါကို ကြားလိုက်ရတော့ နမ်ရွမ်းက ချက်ချင်းပဲ သူမရဲ့ စိတ်ဝိညာဉ်တွေက နှစ်ဆတိုးသွားသည်။
YOU ARE READING
VHBA : Tyrant's Cold Palace Abandoned Fei (Myanmar Translation)
RomanceNovel: "VHBA :The villain has blackened again " Author(s): 裸奔的馒头 English Translator: Novice Translation Link: https://www.novicetranslations.com/project-list/ongoing/the-villain-has-blackened-again/ ‼️This story is not belong to me, just for Myanm...