15. U. Tonight, Zhen Will Pamper You

904 130 7
                                    

ရန်မိုဟန်က တံခါးပေါက်နေ ပျံထွက်သွားပြီး ညအမှောင်ထဲ ဖြေးဖြေးချင်း လမ်းလျောက်ခဲ့သည်။ သူ့မျက်လုံးတွေက အဆုံးမဲ့နေသည်။ တခုခုက ကမ္ဘာပျက်နိုင်လောက်အောင်ကို လုံးထွေးနေပေမယ့် သူက အဲ့ဒါကို ကြိုးစားထိန်းချုပ်ထားခဲ့သည်။

နမ်ရွမ်းရဲ့ ဘဝကတော့ အရမ်းကို ကွဲပြားသည်။ ရန်ဟန်က ဒီနေ့တွေမှာ သူမကို မတူညီစွာ ကြည့်ခဲ့သည်။

တစ်ခါတစ်လေ နမ်ရွမ်းက မတော်တဆ သူ့မျက်လုံးတွေနဲ့ ဆုံပြီး၊ သူ့ရဲ့ မျက်လုံးတွေက အရိုးထိအောင် မုန်းတီးပြီး ကြမ်းကြုတ်မှု့တွေနဲ့ ပြည့်နေတာကို တွေ့ရသည်။  ရှုပ်ထွေးတဲ့ အရာတွေလည်း ရှိသည်။ ဒါပေမယ့် သူမ ထပ်ကြည့်လိုက်ရင် မျက်လုံးတွေက ယုယကြင်နာမှု့တွေနဲ့ ပြည့်နေတတ်သည်။ အဲ့ဒါက ဘယ်မိန်းမမဆို ပျော်ဝင်စေဖို့ လုံလောက်သည်။

"ရှောင်ပါး၊ ဘာလို့ အမြဲတမ်း ငါ ဒီအာဏာရှင်က ငါ့ကို သေအောင် ဓါးနဲ့ ထိုးချင်နေတယ်လို့ ခံစားနေရတာလဲ? ငါ များ မှားနေလား? " လို့ နမ်ရွမ်းက ရှောင်ပါးကို မေးလိုက်သည်။

ရှောင်ပါးက တုံခိုင်းသွားပြီး ပြောခဲ့သည်။

"ငါလည်း မသိဘူး။ ဘောစ့်ကြီးရဲ့ လက်ရှိစိတ်ခံစားမှု့က တော်တော်ကို ရှုပ်ထွေးနေတယ်။ ပျော်တာတွေ၊ ဒေါသတွေ၊ ချိုမြန်မှု့တွေနဲ့ ခါးသက်ခြင်းတွေကောပဲ။ မုန်းတီးနေရင်းတောင် သာယာကြည်နူးမှု့တွေပါလာတယ်။ သူက ငါ့ကို ရူးအောင် လုပ်နေတာပဲ။"

နမ်ရွမ်းက သူမရဲ့ မေးပေါ်မှီလိုက်ပြီး  ပြတင်းပေါက် အပြင်ကို ကြည့်သည်။ သူမရဲ့ မျက်လုံးတွေကို ကျဉ်းလိုက်ပြီး ပျော်ရွင်စွာ ပြုံးလိုက်သည်။

"သူက ငါ့ကို ကြွေနေပြီ၊ ဒါပေမယ့် သူက ဝန်မခံချင်ဘူး ဒါမှမဟုတ်ရင် သူ ခံစားနေရတာ"

ရှောင်ပါး: "ဒီကမ္ဘာမှာ မင်းက ထူးဆန်းနေတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ?"

နမ်ရွမ်းက ပျင်းရိစွာ သမ်းဝေလိုက်သည်။

"ဘေဘီ၊ မင်း တွေးတာ အရမ်းများနေပြီ။"

ရှောင်ပါး: "အို..."

ဒါပေမယ့် သူ တကယ်ပဲ အတွေးလွန်နေတာလား? အရင်ကမ္ဘာတွေတုန်းက နမ်ရွမ်းရဲ့ ပျင်းရိမှု့တွေက ဘာဖြစ်သွားတာလဲ? ဒီကမ္ဘာမှာ သူမက ပျင်းရိပေမယ့်လည်း သူမ့ဦးနှောက်က သွယ်ပြီး ထက်နေသည်။ သူမရဲ့ ပင်ကိုစရိုက်က ပြောင်းသွားသလိုမျိုးပဲ။ ဒါက ပုံမှန်မဟုတ်ဘူး၊ ဒါက လုံးဝကို ပုံမှန်မဟုတ်ဘူး။

VHBA : Tyrant's Cold Palace Abandoned Fei (Myanmar Translation)Where stories live. Discover now