6. U

852 124 11
                                    

"""Frightening Secret, Impotent"""

ရန်မိုဟန်တစ်ယောက် သူ့မျက်လုံးထဲက စက်ဆုပ်မှု့တွေကို ဖုံးကွယ်လိုက်ရင်း ချန်ရှီးနန်းဆောင်အတွင်း ဝင်သွားလိုက်သည်။

ချန်ရှီးနန်းဆောင်က မိန်းမစိုးတွေက ဧကရာဇ် ရောက်လာတာကို မြင်လိုက်တော့၊ မြေပြင်ပေါ်ကို ဒူးထောက်ချလိုက်ရင်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"အရှင်မင်းကြီး ကြွချီလာပါပြီ...."

ရန်မိုဟန်က ချန်ရှီးနန်းဆောင်ထဲကို ဝင်လိုက်တာနဲ့ လီစူးဖေးက သူမရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အပြုအမူမျိုးကို ပြောင်းလိုက်သည်။

"ချန်းချီ (Chen qie) အရှင်နဲ့ တွေ့ရပြီ။" လီစူးဖေးမှာ ကောင်းချီးပေးခံထားရတဲ့ ခန္ဓာကိုယ်ရှိပြီး သူမရဲ့ ဦးညွှတ်ထားတဲ့ ခေါင်းကနေ လှပတဲ့လည်တိုင်ကို ဖော်ပြနေသည်။

💬ℹ️ Chen qie = I = The servant = ကျွန်တော်မျိုးမလိုပုံမျိုး = ချန်းချီ (အသံထွက်မှားရင် ပြောပေးပါဦးနော်) 💬

သူမရဲ့ လှပတဲ့ ပုံသဏ္ဌာန်က ပိုးဇာလွှာဝတ်စုံကြောင့် ကောက်ကြောင်းပေါ်လွင်နေသည်။

ရန်မိုဟန်က သူ့ရဲ့ လက်ကို ဝေ့ရမ်းလိုက်ရင်း ဘေးမှာ ထိုင်လိုက်သည်။
"နှစ်သက်ရတဲ့ ကိုယ်လုပ်တော်၊ ထနိုင်ပြီ။"

လီစူးဖေး တောင့်ခဲသွားသည်။ ပုံမှန်ဆိုရင် ဒီလိုချိန်ဆိုရင် အရှင်က သူမကို ပြန်ထရပ်ဖို့ ကူညီပေးတတ်တယ်။ ဒီနေ့တော့ သူ မလုပ်ခဲ့ဘူး။

အရှင်က ဒီနေ့ စိတ်ဆိုးနေတာလား?

"အရှင်၊ ဘာလို့ ချန်းချီကို အကြောင်းကြားဖို့ တစ်ယောက်ယောက်ကို မပို့လိုက်တာလဲ? ချန်းချီက သူမကိုယ်တိုင် ပြင်ဆင်ထားမှာပေါ့။ အရှင့်ရှေ့မှာ ချန်းချီက စိတ်ပျက်ဖို့ ကောင်းသွားရင် ဘယ်လိုလုပ်မလဲ?"
လီစူးဖေးက အပြစ်ရှိတဲ့ပုံမျိုးနဲ့ သူ့ကို ကြည့်လိုက်သည်။

အကယ်၍ အခုလေးတင် လီစူးဖေးရဲ့ စကားတွေကို မကြားလိုက်ဘူးဆိုရင်၊ ရန်မိုဟန်က သူမနဲ့အတူ ပူးပေါင်းပေးလိမ့်မယ်။ အခုတော့ သူမနဲ့ ဖြေရှင်းဖို့ကို သူအရမ်း ပျင်းနေတယ်။

VHBA : Tyrant's Cold Palace Abandoned Fei (Myanmar Translation)Where stories live. Discover now