အခန်း[၂]စိတ်နှလုံး၌တွယ်ငြိခြင်း
"ဖွား...ဖွားရေ"
"ဝေ့...
လူကလေးနှယ်
အိမ်ထဲဝင်မလာဘဲ ဘောက်မဲ့ကြောင့်
အပြင်က အော်နေရသတုန်း""ဒီမှာ အရေးကြီးနေလို့ ပါ ဖွားရာ"
ရိုးတံနီ၏ အဖွားဖြစ်သူမှာ မြေးကလေး၏
အလောတကြီးအော်ခေါ်သံကြောင့်
အိမ်ရှေ့သို့ ဒရောသောပါး ပြေးထွက်လာခဲ့သည်။အိမ်ရှေ့သို့ ရောက်သော်
သတိလစ်နေသော လူတစ်ယောက်အား
ကျောမှာ မနိုင့်တနိုင်ပိုးလျက်
အိမ်ပေါ်တတ်ရန် ပြင်နေသော
မြေးဖြစ်သူအား တွေ့လိုက်ရတာမို့
အံ့ အားသင့်စွာ မေးလိုက်မိသည်။"အလို...လူကလေး
ဒီမောင်ရင်က ဘယ်သူတုန်း။
အဘယ်ကြောင့် သတိလစ်နေရသတုန်း""နောက်မှမေးပါ ဖွားရယ်။
အခုနေတော့ ကျွန်တော့်ကို
အရင်တွဲကူပေးပါဦး"သို့နှင့် သူတို့ မြေးအဖွားနှစ်ယောက်သား
ထိုလူ့ ကို အိမ်ပေါ်သို့ တွဲတင်လိုက်ကြပြီး
ဖျာပေါ်၌ ချထားလိုက်သည်။
ထို့နောက် ထိုလူ့ ၏ စိုရွှဲနေသော
အဝတ်အစားများကို လဲလှယ်ပေးရန်
သိုရင်း(အရှေ့ဘက်တွင် အကွဲကြောင်းနှစ်ခုပါပြီး
ကြိုးဖြင့်ချည်၍လည်းကောင်း၊
မချည်၍ သော်လည်းကောင်း ဝတ်ဆင်ရသည့်
အင်္ကျီအမျိုးအစား)ဖယ်ရှားလိုက်တော့
လက်မောင်းနှင့် ခါးအနားတဝိုက်မှာ
ဟက်တက်ကွဲနေသည့် ပြတ်ရှရာများကို
တွေ့လိုက်ရသည်။
အချိန်အတော်ကြာ ရေထဲမှာ
မျောနေတာကြောင့် ဒဏ်ရာတွေက
ရေနူးကာ သွေးပင် မထွက်တော့ဘဲ
အတော်လေး ယောင်ကိုင်းလို့နေသည်။ရှင်မင်းမဟာရဲ့ ဒဏ်ရာတွေကို
မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့်
ရိုးတံနီရဲ့ အဖွားက အတော်လေး
လန့်ဖျတ်သွားပြီး...၊"ဘုရားရေ....ဒီမောင်ရင့်မှာ
ဒဏ်ရာတွေနဲ့ပါလား...
မတော်လို့ လူဆိုးလူမိုက်ဖြစ်နေရင်
ဖွားတို့ ခေါင်းနဲ့ ခန္တာ အိုးစားကွဲရချည်ရဲ့"
YOU ARE READING
My Fond Parijat In past...,Where Are You Now? [Our Missing Fate]
Historical Fictionအတိတ်က ကိုယ်ချစ်ရတဲ့ရိုးတံနီလေးရေ မင်း အခုဘယ်ဆီမှာများလဲ...။ [စာရေးသူ ငယ်စဉ်က မက်ခဲ့ဖူးသောအိမ်မက်တစ်ခုကို အစပြုကာ အမြတ်တနိုးဖန်တီးထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းထဲတွင် ပါရှိသည့် ဇာတ်ကောင်များမှာ စာရေးသူ၏ ကိုယ်ပိုင်စိတ်ကူးစ...