[၃].ကံကြမ္မာ၏​စေညွှန်းရာ... [Z]

258 23 8
                                    

အခန်း[၃] ကံကြမ္မာ၏​စေညွှန်းရာ...

နေမင်းသည်​လည်း အ​တော်​အတန်​ ထွက်​ပြူစပြုလာပြီ
ဖြစ်​သည့်​အပြင်​ အဖွား​ဒေါ်ခင်​​မေမှာလည်း
အိမ်​က ​ပေါင်းလာသမျှကောက်​ညှင်း​ပေါင်း​တွေ အားလုံး
ကုန်​​အောင်​​ရောင်းပြီးပြီမို့ ​ခေါင်း​ပေါ်က ​တောင်းက​လေးကို
ခါး​စောင်းထက် ပိုက်​ထားရင်း ရွာ​ဈေးကြီးရှိရာသို့ 
ဦးတည်​​လာခဲ့သည်​။

ကုန်​သွယ်​​ရေးထွန်းကားလှသည့်
သူတို့၏ဟံသာပြည်​၌ တိုင်းတစ်​ပါးမှဝင်​​ရောက်​လာသည့်​ပစ္စည်းများမှာ အ​တော်​​လေးဆန်းပြားသည့်​တိုင်​​အောင်
ဟံသာပြည်​ထွက်​လက်​ဝတ်​ရတနာများနှင့်
စား​သောက်​ကုန်​များမှာလည်း အရည်​အ​သွေးမြင့်​ပြီး
လူကြိုက်​များလှတာ​ကြောင့်​ သူရမဟာမင်းလက်​ထက်​၌
အိမ်​နီးချင်းနိုင်​ငံအရပ်​အရပ်​၌ ကြီးမားကျယ်​ပြန်​သည့်​ ​ဈေးကွက်​ကို​ခြေကုပ်​ယူနိုင်​ခဲ့သည်​။

သူတို့ငယ်​စဉ်​အရွယ်​မှာ​တော့ ဟံသာပြည်​က
အင်​အား​တောင့်​တင်းသည့်​တိုင်းပြည်​ပင်​ဖြစ်​​လင့်​ကစား
စီးပွား​ရေးမှာ​တော့သိပ်​မတွင်​ကျယ်​လှ​ပေ။
ထိုအချိန်​တုန်းက စိနပြည်​ကဲ့သို့တိုင်းတစ်​ပါးမှ
ဝင်​​ရောက်​လာသည့်​ အိမ်​သုံး​ကြွေထည်​ပစ္စည်းများနှင့်
အဝတ်​အထည်​စများမှာလှပသ​လောက်
ဈေးကလည်း အလွန်​မြင့်​လွန်းတာ​ကြောင့်
အောက်​​ခြေလူတန်းစားများကိုပင်​ မဆိုထားနှင့်​။
အလတ်​အလတ်​တန်းများပင်​ စိတ်​ကူးမယဉ်​နိုင်​သည့်
အ​နေအထားဖြစ်​ခဲ့သည်​။

သို့​သော်​ ယခုအချိန်​မှာ​တော့
သူရမဟာမင်း၏​​ကောင်းမှု​ကြောင့်
ဟံသာပြည်​၏​ငွေ​ရေး​ကြေးတန်​ဖိုးနှင့်​ ပြည်​သူပြည်​သား​များ၏ နေထိုင်​မှုဘဝမှာ အ​တော်​​လေးတိုးတက်​လာခဲ့ပြီး
အလယ်​အလတ်​လူတန်းစားများလည်းပိုမိုတိုးပွားလာခဲ့သည်​။
တိုင်းသူပြည်​သားများအ​ပေါ်
ရင်​ဝယ်​သားနှင့်​မခြား ကာကွယ်​​စောင့်​​ရှောက်​​ပေးသည့်
သူရမဟာမင်းကဲ့သို့ မင်း​ကောင်းမင်းမြတ်​တစ်​ပါးကို
ဆုံးရှုံးလိုက်​ရခြင်းမှာ သူတို့အတွက်
မည်​ကဲ့သို့မှ​ဖြေမဆည်​နိုင်​သည့်​ အကြီးမားဆုံး
စိတ်​ထိခိုက်​နာကျင်​မှုကြီးပင်​...။

My Fond Parijat In past...,Where Are You Now? [Our Missing Fate]Where stories live. Discover now