အခန်း[၁၃]အကြင်နာပန်းများကြွေကျရာဝယ်....
"အား
အမလေး....လာကြပါအုံး။
လူလေး...လူလေးရေ"အိမ်နောက်ဖေးမီးဖိုဆောင်မှ အဖွားဖြစ်သူ၏
အလန့်တကြားအော်ဟစ်လိုက်သံကြောင့်
ရိုးတံနီမှာ အိမ်ရှေ့ချောင်းကမ်းစပ်၌
ရေခပ်နေရာမှ ဒေါ်မေခင်ရှိရာသို့ ကမန်းကတန်းပြေးလာခဲ့ရသည်။
သူရောက်တော့ အိမ်နောက်ဖေးမီးဖိုဆောင်၌
အရှင့်သား၏ခန္တာကိုယ်ကိုအကာအကွယ်ယူလျက်
တုန်ရီနေသောအဖွားဖြစ်သူအား တွေ့လိုက်ရသည်မို့
သူထိတ်ထိတ်ပျာပျာဖြစ်သွားရကာ..."ဖွား...ဖွား ဘာဖြစ်တာလဲ"
ဒေါ်မေခင်မှာ ကြောက်လန့်တုန်လှုပ်လွန်းသောကြောင့်
အသံပင်မထွက်နိုင် ၊
တုန်တုန်ရီရီဖြင့်သာ လက်ညိုးထိုးပြလေ၏။
ထိုအခါ အရှင့်သားရပ်နေသည့်နေရာနှင့် ခပ်လှမ်းလှမ်း၌ ပါးပြင်းထောင်လျက်ရန်မူနေသော
နက်စွေးစွေးမြွေဟောက်တစ်ကောင်အား တွေ့လိုက်ရလေသည်။ဧကန်စင်စစ် ဖွားတစ်ယောက်
ကြောက်လန့်တကြားအော်ဟစ်ရခြင်း၏
အကြောင်းအရင်းမှာ ၎င်းသတ္တဝါကြောင့်ပင်။ထို့ကြောင့် ရိုးတံနီက
အနီးအနားရှိတုတ်တစ်ချောင်းကိုကောက်ကိုင်လျက်
၎င်းအား ခြောက်လှန့်ရန်ဟန်ပြင်တော့
အရှင့်သားက သူ့အားလက်ကာပြလိုက်ပြီး...၊"ရိုးနီ...ဖွားကိုလာတွဲကူ"
"ဟုတ်ကဲ့ ရှင်မင်း"
အရှင့်သား၏စကားအတိုင်း
ရိုးတံနီက ဒေါ်မေခင်အား အိမ်ပေါ်သို့တွဲခေါ်လာပြီး
အိမ်ရှေ့ခန်း၏ပြတင်းပေါက်အနား၌ထိုင်စေလျက်
စိတ်တည်ငြိမ်သွားစေရန်အတွက်
ရေအေးအေးလေးတစ်ခွက် ခပ်တိုက်ကာ
မာလကာရွက်အနုလေးများကို
လက်ဖြင့်ပွတ်ချေပြီးရှူခိုင်းလိုက်သည်။အတန်ကြာအောင် ယပ်ခပ်ပေးပြီးနောက်မှာတော့
အဖွားဖြစ်သူလည်း စိတ်အေးသွားပြီဖြစ်သောကြောင့်
သူလည်း ခြံထဲသို့ပြန်ဆင်းလာခဲ့သည်။
YOU ARE READING
My Fond Parijat In past...,Where Are You Now? [Our Missing Fate]
Historical Fictionအတိတ်က ကိုယ်ချစ်ရတဲ့ရိုးတံနီလေးရေ မင်း အခုဘယ်ဆီမှာများလဲ...။ [စာရေးသူ ငယ်စဉ်က မက်ခဲ့ဖူးသောအိမ်မက်တစ်ခုကို အစပြုကာ အမြတ်တနိုးဖန်တီးထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းထဲတွင် ပါရှိသည့် ဇာတ်ကောင်များမှာ စာရေးသူ၏ ကိုယ်ပိုင်စိတ်ကူးစ...