အခန်း[၄] မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း...
"ညီငယ်...ခေါင်းမော့ကြည့်ပါအုံး"
သူ့အား အလွန်အမင်းထိတ်လန့်နေပုံရပြီး
အကြည့်ချင်းဆုံလိုက်သည်နှင့် ချက်ချင်းပင်ဒူးထောက်ချကာ
နဖူးနှင့် ကြမ်းပြင်ကိုအပ်ထားပုံထောက်လျှင်
အနှီလူငယ်က သူ့အကြောင်းကိုရိပ်စားမိနေလောက်ပြီ။သုံးကြိမ်မြောက်ခေါ်သည့်တိုင်အောင်
စိတ်နှင့်လူကပ်ပုံမရသေးသည့်လူငယ်ကြောင့်
သူ အသံကိုပိုမြှင့်လိုက်ကာ....၊"မောင်မင်း....ကိုယ်တော့်ကိုမော်ဖူးပါအုံး"
ထိုကဲ့သို့ နန်းသုံးဆန်ဆန်ပြောလိုက်မှသာ
ကြောက်ကြောက်လန့်လန့်နှင့် သူ့အား
ပြူးကြောင်ကြောင် မော့ကြည့်လာသည့်အနှီလူငယ်လေး။
မျက်လုံးတို့သည်ကား ဟိုဟိုသည်သည်ရွေ့လျားလျက် ဂနာမငြိမ်ဖြစ်နေပြီး ဇောချွေးတွေပါပြန်နေရှာသည့်
ထိုလူငယ်လေးကိုကြည့်ရင်း သူအားလည်းနာမိ၏။
သို့သော် ရယ်လည်းရယ်ချင်လာမိသည်။"ညီငယ်...စိတ်အေးအေးထားပြီး
အနားကိုလာခဲ့ပါ""မှန်...မှန်လှပါ"
သူ့ခြေရင်း၌ ခပ်ကျူံ့ကျူံ့လေးလာထိုင်တော့မှသာ
အနှီလူငယ်လေးက သူ့အား အသက်ဘေးမှ
ကယ်တင်ခဲ့သည့်လူငယ်လေးဖြစ်ကြောင်း သူအတည်ပြုလိုက်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူအနီးကပ်မြင်နေရသည့်
ထိုလူငယ်လေး၏ညာဘက်ပါးမို့၌
သူ စွဲစွဲမြဲမြဲမှတ်မိနေသည့် စံပယ်တင်မှဲ့နက်ကလေးက သိသိသာသာပင်ထင်ရှားနေသည် မဟုတ်ပါလား...။"ဒီကညီငယ်က ကျွန်တော့်ကို
ရေထဲကနေကယ်တင်ခဲ့တဲ့သူပေလား""မှန်...မှန်လှပါ အရှင့်သား"
"ကျွန်တော့်အသက်ကိုကယ်တင်ခဲ့တဲ့အတွက်
ပြောမပြတတ်အောင်ကိုကျေးဇူးတင်မိပါတယ် ညီငယ်။
ညီငယ့်ကျေးဇူးတော်ကြောင့်သာ
ကျွန်တော် အခုလိုအသက်ရှင်ခွင့်ရခဲ့တာပါ"
BINABASA MO ANG
My Fond Parijat In past...,Where Are You Now? [Our Missing Fate]
Historical Fictionအတိတ်က ကိုယ်ချစ်ရတဲ့ရိုးတံနီလေးရေ မင်း အခုဘယ်ဆီမှာများလဲ...။ [စာရေးသူ ငယ်စဉ်က မက်ခဲ့ဖူးသောအိမ်မက်တစ်ခုကို အစပြုကာ အမြတ်တနိုးဖန်တီးထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းထဲတွင် ပါရှိသည့် ဇာတ်ကောင်များမှာ စာရေးသူ၏ ကိုယ်ပိုင်စိတ်ကူးစ...