[၈].စ​ေလိုရာစ​ေ...{U}

201 29 18
                                    

အခန်း[၈] စ​ေလိုရာစ​ေ...

"ရှင်​မင်း​ရေ...."

"ဗျာ...."

ရိုးတံနီက သူနှင့်အတူတူ​ကောက်​ထားသည့်
ရိုးလှသန္တာနှင့်ခ​ရေပန်းများဖြင့် ပြည့်လျှံ​နေ​သော
ပန်းခြင်း​လေးကိုကိုင်​လျက်​ သူ့ကိုလှမ်း​ခေါ်လာသည်​။

"ကျွန်​​တော်​ ရွာလယ်​ဘုရားကို
ပန်း​ရောင်းသွားလိုက်အုံးမယ်​​နော်​"

သူ့အား ထိုသို့​ပြောပြီးသည်​နှင့်
ရိုးတံနီကပန်းပွင့်​က​လေးများထည့်ရန်​အတွက်​
အင်​ဖက်​၊ငှက်​​ပျောဖက်​ အစရှိသည့်အရွက်​များကို
​ရေဖြင့်အ​သေအချာ​ဆေး​ကြော​နေ​လေသည်​။

ထိုအခါမှ ရိုးနီ သူ့ကို​ပြောပြဖူး​သော
မနက်​ခင်း ပန်း​ရောင်းသည့်အလုပ်​ရှိသည်​
ဟူ​သောစကားအား သူဖျတ်​ခနဲသတိရမိသွားသည်​။
ရိုးနီပန်း​ရောင်းသွားခြင်းက
အိမ်​တွင်းပုန်းမ​နေချင်​သည့်သူ့အတွက်​ အခွင့်အ​ရေးတစ်​ခု​ပေမို
ပန်း​ရောင်းသွားမည့် ​ကောင်​​လေး၏​နောက်​သို့
တ​ကောက်​​ကောက်​ဖြင့် ထပ်​ကြပ်​မကွာလိုက်​ပါရန်​
ဆုံးဖြတ်​လိုက်​၏။

ရှင်​မင်းမဟာက ခြံထဲ၌လမ်း​လျှောက်​​နေရာမှ
အိမ်​​ပေါ်သို့ ပြန်​တတ်​သွားပြီး
သူ ဝတ်​ဆင်​ထား​သောသိုရင်းကို
ပြန့်​ပြူးသွား​အောင်​ လက်​ဖြင့်သပ်​ကာ
လည်​တိုင်​၌ နံ့သာဆီ​လေးတစ်​စက်​တို့​လိုက်​သည်​။

ထို့​နောက် ရှင်​မင်းမဟာက
ဦး​ခေါင်းထက်​၌ဝတ်​ဆင်​ရမည့်
​ခေါင်း​ပေါင်းပုဝါစက​လေးကို လက်​မှာကိုင်​လျက်​
ဖက်​ရွက်​များ​ရေ​ဆေး​နေသည့်ရိုးတံနီ၏အနားသို့
ခပ်​သုတ်​သုတ်​​လျှောက်​သွား​​လေ​တော့သည်​။

"ရိုးနီ..."

"ဗျာ....ရှင်​မင်း"

"ကျွန်​​တော့်ကို ​ခေါင်း​ပေါင်း​ပေါင်း​ပေးပါဦး"

"ဗျာ...ဟုတ်​၊ ဟုတ်​။
ဘယ်​လိုပုံစံ​ပေါင်းချင်​တာလဲ ရှင်​မင်းက"

"ရိုးနီနဲ့ ဆင်​တူ"

သူ့စကား​ကြောင့်
​ခေါင်း​ပေါင်းစကိုကိုင်​ကာ စည်း​ပေး​နေသည့်
ရိုးနီ၏​ရွှေဝါ​ရောင်​သနပ်​ခါးပါးကွက်​ကြား​လေးများ
တည်​ရှိ​နေ​သောပါးနှစ်​ဖက်​မှာ မို့တတ်​သွားပြီး
သွားတက်​​လေးများ ​ဖွေးခနဲ​ပေါ်​အောင်​ပြုံးသွား​လေသည်​။

My Fond Parijat In past...,Where Are You Now? [Our Missing Fate]Where stories live. Discover now