အခန်း[၁၂] သာသာယာယာ တောလမ်းကလေးမှာ....
တောလမ်းကလေး၏ ဘေးတစ်ဖက်တစ်ချပ်စီ၌
ပတ်ပတ်လည်စီတန်းကာ ဝန်းရံထားသော
သစ်ပင်များ၏ နှစ်သက်တမ်းသည်ကား
အတော်ပင်ကြာမြင့်နေပြီဖြစ်သောကြောင့်
သစ်ပင်ထိပ်ဖျားများက မိုးပင်ထိလုနီးနီး
ရှည်လျားနေသည့်အပြင်
ပင်စည်လုံးပတ်များမှာလည်း လူနှစ်ကိုယ်စာကို
အသာလေးဖုံးကွယ်ထားနိုင်သည်အထိ
အလွန်ပင်ကြီးမားလှပေသည်။ထူးခြားဆန်းပြားသည့်အရောင်များနှင့်
တော်ဝင်ဆန်သောအလှအပများကြောင့်
လူအများစုက နှစ်သက်ကြသည့်
သစ်ခွပန်းကလေးများမှာလည်း
ထိုနှစ်ချို့သစ်ပင်ကြီးများ၏ပင်စည်များ၌
အမှီသဟဲပြုကာ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့်
လှပခမ်းနားစွာဖူးပွင့်နေကြသည်။ပင်မြင့်ထက်က သစ်ခွပန်းများက တခမ်းတနားလှပနေသကဲ့သို့ 
တောလမ်းကလေး၏ဘေးတစ်ဖက်စီ၌
စုစုရုံးရုံးနှင့် ဝေဝေဆာဆာပွင့်လန်းနေကြသည့်
တောပန်းရောင်စုံလေးများမှာလည်း
ခပ်ဖျော့ဖျော့နေရောင်ခြည်အောက်
အကြည့်မလွှဲနိုင်လောက်အောင် ချစ်စဖွယ်ကောင်းနေပြန်သည်။သူ'အနှစ်သက်ဆုံးတောလမ်းကလေး'မှာ
သူ'အမြတ်နိုးဆုံးသောအရှင့်သား'နှင့်
အတူတူရှိနေရသည့်ခံစားချက်သည်ကား
ဆောင်းမနက်ခင်းလေးမှာ နေရောင်ခြည်နွေးနွေးလေးများက
သူ့အား တယုတယထွေးပိုက်ထားသလို...။မိုးညနေခင်းတွေမှာ ခပ်သော့သော့ရောက်လာတတ်သည့်
ကြည်နူးဆွတ်ပျံ့ ဖွယ်လေပြေညှင်းလေးများလို...။
အရှင့်သားဆိုသည်မှာ
သူ့အတွက်တော့ ထိုကဲ့သို့ စိတ်နှလုံးအေးချမ်းစေသော
မြတ်နိုးဖွယ်ရာဆုလာဘ်တစ်ပါးပင်။တောလမ်းကလေးကိုဖြတ်သန်းလာသည့်တလျှောက်တွင်
အရှေ့တူရူကို မမှိတ်မသုန်ကြည့်ကာ
ဂရုတစိုက်ဖြင့် လှည်းမောင်းနေသည့်အရှင့်သားအား
သူတစိမ့်စိမ့်ခိုးကြည့်လျက်
တိတ်တဆိတ်သာလိုက်ပါလာခဲ့သည်။
YOU ARE READING
My Fond Parijat In past...,Where Are You Now? [Our Missing Fate]
Historical Fictionအတိတ်က ကိုယ်ချစ်ရတဲ့ရိုးတံနီလေးရေ မင်း အခုဘယ်ဆီမှာများလဲ...။ [စာရေးသူ ငယ်စဉ်က မက်ခဲ့ဖူးသောအိမ်မက်တစ်ခုကို အစပြုကာ အမြတ်တနိုးဖန်တီးထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းထဲတွင် ပါရှိသည့် ဇာတ်ကောင်များမှာ စာရေးသူ၏ ကိုယ်ပိုင်စိတ်ကူးစ...