အခန်း[၁၁] အရှင့်သား၏မေတ္တာလက်ဆောင်...
"လူကလေး ပစ္စည်းတွေအကုန်စုံပြီလား"
"စုံပြီ ဖွား"
"လူကလေးရယ် ပစ္စည်းတွေကများလွန်းလိုက်တာ။
သယ်လို့ရော နိုင်ပါ့မလားကွယ်။
ဖွားကြည့်ရတာ စိတ်ကိုမချမ်းသာဘူး။
ဖွားမြေးက လူကောင်လေးက ညှက်ကညှက်နဲ့ကွယ်""ရပါတယ် ဖွားရယ်။
ကျွန်တော် အမြဲတမ်းသယ်နေကျပါပဲ""ဒီအတိုင်းဆိုရင်တော့ မဖြစ်ချေဘူး။
ဖွားပိုက်ဆံစုပြီး နွားလှည်းလေးတစ်စီးတော့
ဝယ်ပေးအုံးမှပါ""မလိုပါဘူး ဖွားရယ်။
ငွေကုန်ကြေးကျတွေ များပါဘိနဲ့..."ထိုစဉ် ရှင်မင်းမဟာက အိမ်အောက်ထဲမှ
ပစ္စည်းထုပ်ကြီးများအား အထမ်းရှိတုတ်ချောင်း၌ချိတ်ပြီး
ပခုံးပေါ်ထမ်းတင်၍ ထွက်လာတော့သည်။"အို....ဘုရားရေ။
ဖြစ်မှဖြစ်ရလေ ရှင်မင်းရယ်။
ဘယ်သူကများ အဲ့ဒါတွေသယ်ခိုင်းသတုန်း။
ပခုံးတွေတော့ ဒဏ်ရာတွေဖြစ်ကုန်တော့မှာပဲ"ရိုးတံနီက စိုးရိမ်တကြီးပြောတာ
ရှင်မင်းမဟာ၏ပခုံးပေါ်မှအထမ်းကို
ချက်ချင်းပင် ပြန်ဆွဲဖြုတ်လေတော့သည်။"အရှင့်သားရယ် သည်လိုအလုပ်တွေထိလိုက်မလုပ်ပေးပါနဲ့။
အခုလို ခနော်နီခနော်နဲ့အိမ်လေးမှာ
အရှင့်သားကို အနေဆင်းရဲ၊အစားဆင်းရဲနဲ့
ချိူ့ချိူ့တဲ့တဲ့ထားရတာကိုက
ကျွန်တော်မျိူးမတို့ တာဝန်မကျေလွန်းရာကျနေပါပြီ""မဟုတ်တာပဲ ဖွားရာ။
ကျွန်တော် ဒီမှာနေရထိုင်ရတာ အားလုံး
အဆင်ပြေတယ်ဆိုတာထက်ကိုပိုပါတယ်။
ဂုဏ်ပကာသနတွေထက် ချစ်ခြင်းမေတ္တာတွေ၊
စေတနာတွေကိုပဲ ကျွန်တော်ကအလိုရှိတာပါ။
ကျွန်တော့်ကို ဒီကအိမ်သားလိုသဘောထားတယ်ဆိုရင်
အလုပ်ဝိုင်းကူတာကို မတားပါနဲ့နော်...ဖွား"
YOU ARE READING
My Fond Parijat In past...,Where Are You Now? [Our Missing Fate]
Historical Fictionအတိတ်က ကိုယ်ချစ်ရတဲ့ရိုးတံနီလေးရေ မင်း အခုဘယ်ဆီမှာများလဲ...။ [စာရေးသူ ငယ်စဉ်က မက်ခဲ့ဖူးသောအိမ်မက်တစ်ခုကို အစပြုကာ အမြတ်တနိုးဖန်တီးထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းထဲတွင် ပါရှိသည့် ဇာတ်ကောင်များမှာ စာရေးသူ၏ ကိုယ်ပိုင်စိတ်ကူးစ...