အခန်း [၁၆] ဧကဝဏ်သို့ ခရီးဆက်ခြင်း
"ကျန်းမာရေးဂရုစိုက်ပါ ဖွား"
"လူကလေးလည်း အစစအရာရာဂရုစိုက်ပါကွယ်"
"ကျွန်တော် အခွင့်ရတိုင်းပြန်ခဲ့မယ်နော် ဖွား"
"ဟုတ်ပါပြီ လူကလေးရယ်။
တောထဲမှာ သတိကြီးကြီးထားပြီးသွားလာနော်""ဟုတ်ကဲ့ပါဖွား...မိဝိုင်း ငါသွားတော့မယ်နော်။
ဖွားကိုသေချာကြည့်ရှူပေးပါဟာ""အေးပါ အရိုးရယ်...စိတ်ချလက်ချသာသွား။
မကြာမကြာလည်းပြန်လာခဲ့"အထုပ်အပိုးအနည်းငယ်သယ်လျက်
တရွေ့ရွေ့ထွက်ခွာသွားသည့်မြေးဖြစ်သူအား
ခြံဝန်းရှေ့၌ရပ်နေသည့်ဒေါ်မေခင်မှာ
မျက်ရည်လေးတစမ်းစမ်းဖြင့် အတန်ကြာအောင်ငေးကြည့်နေခဲ့သည်။အတူနေလာသည့်၁၈နှစ်တာကာလ၌
မြေးဖြစ်သူနှင့် သူတစ်ရက်ပင်ပြည့်အောင်မခွဲခွာဖူးပေ။
သူ့သဘောအရဆိုလျှင် ဤရွာ၌သာ
အေးအေးချမ်းချမ်းနေစေချင်သော်လည်း မြေးဖြစ်သူကိုယ်တိုင်က စိတ်အားထက်သန်လွန်းနေတော့လည်း မတားမြစ်ရက်ခဲ့ပါ။
ရည်မှန်းချက်တွေ အမြန်ဆုံးပြည့်ဝပြီး
ဘေးအန္တရာယ်ကင်းပါစေဟုသာ ဆန္ဒပြု၍
ချစ်ရတဲ့မြေးကလေး အိမ်ပြန်လာမည့်အချိန်ကိုသာ စိတ်ရှည်ရှည်ဖြင့်စောင့်မျှော်နေတော့မည်။ရိုးတံနီမှာလည်း မျက်ရည်စက်လက်နှင့်ဖွားမျက်နှာကိုကြည့်၍ ငိုချင်သည့်စိတ်ကို အလွန်ပင်ချူပ်ထိန်းထားရ၏။
ခပ်လှမ်းလှမ်း၌ ကျန်ရစ်ခဲ့သောဝါးအိမ်ကလေးနှင့်
ခြံစည်းရိုးလေးကို သမင်လည်ပြန်လှည့်ကြည့်ရင်း
မျက်လုံးထဲ၌ အသေအချာစွဲမြဲနေအောင်မှတ်သားပြီးမှ ခြေလှမ်းများကို အားအင်အပြည့်ဖြင့်ရှေ့ဆက်ခဲ့တော့သည်။ရွာဈေးကြီးသို့ရောက်သောအခါ
သူသွားရောက်ရမည့်ဧကဝဏ်တောအုပ်ကို
လှည်းလမ်းကြောင်းပေါက်သည့်နေရာအထိလိုက်ပို့ပေးနိုင်မည့်နွားလှည်းတစ်စီးကို ငှါး၍ တောအုပ်အတွင်းသို့ စတင်၍ခရီးဆက်ခဲ့သည်။
ဧကဝဏ်တောအစပ်မှ သူအနှစ်သက်ဆုံးဖြစ်သည့်တောလမ်းကလေးသို့ရောက်လာသောအခါ ကုန်လွန်ခဲ့ပြီဖြစ်သည့်အချိန်များမှ တစ်သက်မမေ့နိုင်ဖွယ်အမှတ်တရများကိုလည်း သူ့မျက်လုံးထဲ၌ ပြန်လည်မြင်ယောင်လာမိ၏။
YOU ARE READING
My Fond Parijat In past...,Where Are You Now? [Our Missing Fate]
Historical Fictionအတိတ်က ကိုယ်ချစ်ရတဲ့ရိုးတံနီလေးရေ မင်း အခုဘယ်ဆီမှာများလဲ...။ [စာရေးသူ ငယ်စဉ်က မက်ခဲ့ဖူးသောအိမ်မက်တစ်ခုကို အစပြုကာ အမြတ်တနိုးဖန်တီးထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းထဲတွင် ပါရှိသည့် ဇာတ်ကောင်များမှာ စာရေးသူ၏ ကိုယ်ပိုင်စိတ်ကူးစ...