အခန်း[၅] ကျွန်တော့်ရဲ့နန်းလုံးကြိုင်....
ရိုးတံနီတို့မြေးအဖွား၏အိမ်ကလေးက
ခပ်သေးသေးလေးပေမို့ မီးဖိုခန်းက
အိမ်ရှေ့ဧည့်ခန်းနှင့်အနည်းငယ်နီးနေသည်။
ထိုမီးဖိုခန်း၌ ဟင်းချက်မည်ဆိုပါက
အိမ်ရှေ့ခန်းရှိအရှင့်သားက သေချာပေါက်အညှော်မိပေလိမ့်မည်။
ထို့ကြောင့် ဖွားက
အိမ်နှင့်ခပ်လှမ်းလှမ်းရှိ ခြံအနောက်ဘက်၌
သူ့အား ယာယီမီးဖိုလေးတစ်ခုဖိုခိုင်းလေသည်။သို့နှင့် အိမ်နောက်ဘက်မှကုက္ကိုလ်ပင်ကြီးအောက်၌
မြေးအဖွားနှစ်ယောက်သား စကားလေးတပြောပြော၊
ယပ်တောင်လေးတခပ်ခပ်ဖြင့် စိမ်ပြေနပြေပင်
ဟင်းထိုင်ချက်နေကြတော့သည်။
မီးဖိုကိုယပ်ပါးပါးခပ်ရင်း ဖွားဟင်းချက်နေသည်ကို
စိတ်ဝင်တစားထိုင်ကြည့်နေသည့်သူ့အား
ဖွားက ငရုတ်သီးဆီသတ်နေရင်း စကားလှမ်းပြောလာ၏။"လူကလေး အရှင့်သားဘယ်လိုနေလဲ။
ဒဏ်ရာတွေသက်သာရဲ့လား""သိပ်သက်သာသေးပုံမပေါ်ဘူး ဖွား"
"အင်းလေ...ဒဏ်ရာတွေကအများကြီးပဲကိုး"
"ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ။
ဟိုဆေးဆရာကိုပဲသွားထပ်ပင့်ရမလား။
အဲ့သလိုဆိုရင်တော့ ကျွန်တော်စိုးရိမ်မိတယ် ဖွား။
ဖွားသိတဲ့အတိုင်း အဲ့ဆေးဆရာက
ပါးစပ်ကလည်းဖွာပါဘိသနဲ့ ""ဟင်း....အဲ့ဒါလည်းဟုတ်ပါရဲ့။
ဒါပေသိ တို့ရွာမှာက သူတစ်ယောက်ပဲရှိတယ်လေ။
နောက်တစ်ယောက်ရှိရင်တောင် အခုလို
တိုင်းသိပြည်သိဝရမ်းထုတ်ခံထားရတဲ့အရှင့်သားကို
ဆေးကုခိုင်းဖို့ ဆိုတာက အလွန်အန္တရယ်များလှပါတယ်""သည်လိုဆိုရင်ရော ဖွား...၊
ခဏနေကျရင် ကျွန်တော် ဆေးဆရာဆီသွားပြီး
အရှင့်သားအတွက်၂ပတ်စာလောက်
လိမ်းဆေးရော၊ သောက်ဆေးရောထပ်တောင်းလာခဲ့မယ်"
YOU ARE READING
My Fond Parijat In past...,Where Are You Now? [Our Missing Fate]
Historical Fictionအတိတ်က ကိုယ်ချစ်ရတဲ့ရိုးတံနီလေးရေ မင်း အခုဘယ်ဆီမှာများလဲ...။ [စာရေးသူ ငယ်စဉ်က မက်ခဲ့ဖူးသောအိမ်မက်တစ်ခုကို အစပြုကာ အမြတ်တနိုးဖန်တီးထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းထဲတွင် ပါရှိသည့် ဇာတ်ကောင်များမှာ စာရေးသူ၏ ကိုယ်ပိုင်စိတ်ကူးစ...