Story 8

1.9K 242 28
                                    

Unicode
.
.

ဉီးနဲ့ ကျနော်စတွေ့ခဲ့တာ သိပ်ကိုကဗျာဆန်တဲ့ ကော်ဖီဆိုင်လေးတစ်ခုမှာပေါ့...။

အဲ့ဒီနေ့က သူငယ်ချင်းမလေးတွေ ပူဆာလို့ ကော်ဖီဝယ်တိုက်ဖို့ သိပ်ကိုလှတဲ့ဆိုင်လေးဆီရောက်သွားခဲ့တာ...။

စားပွဲဝိုင်းမှာထိုင်ထိုင်ချင်း အေပရွန်ဝတ်ထားတဲ့ ဉီးက ရောက်လာပြီးမေးတယ်။"ကောင်လေး ဘာသောက်မလဲ"တဲ့။ ဉီးအသံလေးက ချိုလိုက်တာ။ "Cappuccinoတစ်ခွက်ချပါ"ဆိုတော့ ဉီးကပြုံးပြီး ခေါင်းငြိမ့်တယ်။ နှုတ်ခမ်းပါးလေးနောက်က လှစ်ခနဲပေါ်လာတဲ့ သွားတက်လေးက သိပ်ကိုလှတာပဲ..။

ကော်ဖီအရသာဂျေးများတတ်တဲ့ ကျနော်က အဲ့ဒီနေ့က ဉီးကိုပဲတောက်လျှောက်ငေးကြည့်နေတာ cappuccino ရဲ့အရသာ ဘာမှန်းတောင်မသိခဲ့ပါဘူး။

သူငယ်ချင်းမလေးက "နင် ဉီးကိုကြွေနေပြီလား"လို့ မေးတော့ နှစ်ခါမစဉ်းစားဘဲ ခေါင်းငြိမ့်ပြခဲ့တယ်..။ အချစ်ကိုအယုံအကြည်မရှိတဲ့ ကျနော်ကလေ...။

ရက်တွေအလီလီပြောင်းလာတယ်..။
ကော်ဖီဆိုင်လေးကို ကျနော်ခနခနရောက်တယ်..။
ရောက်တိုင်းလည်း ဉီးကိုငေးကြည့်နေတတ်တယ်။

"ကောင်လေး ဒီနေ့လည်း Cappuccino ပဲလား"

ကျနော်မပြောဘဲနဲ့တောင် ဉီးက ကျနော့်အကြိုက်တွေကို သိတတ်​နေပါပြီ..။

ဒီလိုနဲ့ ဉီးဆီက ရင်းနှီးမှုတွေကို တရိပ်ရိပ်လက်ခံရရှိလာတယ်...။

" ဉီးက သိပ်လှတာပဲ.."

ဆိုင်မှာလူရှင်းချိန် ဉီးနဲ့နှစ်ယောက်တည်းထိုင်မိတော့ ခပ်တိုးတိုးဆိိုမိတဲ့သူ့စကားကို ဉီးက ဖွဖွလေးပြုံးတယ်..။ ပြီးတော့ အဝေးတစ်နေရာကို ဆွေးဆွေးလေးငေးကြည့်ရင်း စကားဆိုတယ်..။

"ငယ်လေးကလည်း ချစ်စရာသိပ်ကောင်းတာပဲ"တဲ့..။

အိမ်မှာ အကြီးလုပ်ပြီးဗိုလ်ကျရမှ ကျေနပ်တဲ့ကျနော်က ဉီးနဲ့တွေ့မှ ရူးရူးနှမ်းနှမ်း ငယ်လေးဆိုတဲ့နာမ်စားလေးကို မြတ်နိုးမိလာပြန်တယ်..။

" ငယ်လေး မိန်းကလေးတွေနဲ့သိပ်မပေါင်းနဲ့"

ချောကလက်ကိတ်ကိုစားပွဲပေါ်ချပေးရင်း ပြောလိုက်တဲ့ဉီးစကားကို ကျနော် နားမလည်ခဲ့ဘူး။

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Where stories live. Discover now