Story 12

1.1K 149 26
                                    

[ Unicode ]

   
"မောင် ဘေးပြတင်းပေါက်ကိုမဖွင့်ရဘူးနော်"

ငါပြောလို့သာပြောရတာ။ သစ်သားချောင်းနှစ်ချောင်းကို ကြက်ခြေခတ်သဏ္ဍာန် ကန့်လန့်ရိုက်ထားတဲ့ပြတင်းပေါက်က မောင် ဘယ်လိုဖွင့်ဖွင့် ပွင့်နိုင်မှာမဟုတ်တာငါသိပြီးသား။

"ဘာဖြစ်လို့လဲ သဲငယ်"

မောင် ပြန်မေးလာတော့ ငါခေါင်းယမ်းပြမိတယ်။

"ဟင့်အင်း ဘာမှမဖြစ်ဘူး၊ အလင်းရောင်တွေကို ငါမကြိုက်လို့"

မုသားမကင်းတဲ့ ငါ့စကားကို မောင်က သူငယ်တန်းကလေးညာကွက်တွေလို့ ထင်သလားမသိ။ ငါ့ဆံပင် ညိုသွဲ့သွဲ့တွေကြား လက်ချောင်းတုတ်တုတ်တွေနဲ့ ထိုးဆွရင်း ခပ်ဟဟရယ်တယ်။

မောင့်ရယ်သံတွေကို ငါသဘောကျတယ်။ မောင့်အပြုံးတွေကို ငါသဘောကျတယ်။ အင်း...ငါပိုင်ဆိုင်တဲ့ မောင့်ခန္ဓာကိုယ်တစ်ခုလုံးကို ငါကသိပ်သဘောကျတာ။

••••••

တစ်ရက်....

အိမ်ရှေ့က ဒန်းလေးမှာထိုင်ပြီး မောင်ပြန်လာတာကို​စောင့်နေတဲ့အချိန်

အရုပ်ဆိုးဆိုးမြင်ကွင်းတစ်ခုက ငါ့မျက်စိထဲကို သံချွန်တစ်ချောင်းလို စိုက်ဝင်တယ်။

ဆံပင်ငွေရောင်နဲ့ ကောင်မလေးကလေ...ပိုးဂါဝန်တိုဖျော့ဖျော့လေးကိုဝတ်ပြီး ရယ်မြူးလို့ စက်ဘီးစီးနေတယ်။

ခေါင်းမော့ပြီး ရယ်လိုက်တိုင်းမှာလည်း ဘယ််ဘက်ထောင့်က သွားတက်ချွန်ချွန်လေးက လှစ်ခနဲ။

မုန်းလိုက်တာ...ငါ သူ့ကိုသိပ်မုန်းတယ်။

တဆတ်ဆတ်တုန်လာတဲ့ ငါ့လက်တွေက အကြိမ်ကြိမ်ခေါ်ခဲ့ပြီးသား ဂဏန်းတွေကိုတော့ တည့်တည့်မတ်မတ်ရိုက်ထည့်နိုင်သေးတယ်။

ဖုန်းကောလ်ဝင်သွားပြီး စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ပြန်ထူးလာတဲ့ "ပြောလေ သဲငယ်" ဆိုတဲ့ သြရှရှမောင့်အသံက ငါ့ကို နဂိုလို မပြုံးစေတော့ဘူး။

သို့တိုင်အောင် ပြန်ဖြေတဲ့ငါ့အသံက ကြည်နူးရယ်သံစွက်ဆဲ။

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Where stories live. Discover now