Story 3

1.8K 312 81
                                    

[ Unicode ]

   
ထီးဝါလေးနဲ့ သူ၏ပိုင်ရှင်💛(one short)
----------
အညှိုးကြီးစွာ ရွာသွန်းနေလေသလားအောက်မေ့ရလောက်အောင် မိုးတွေက တသည်းသည်း ။ မှောင်ဖျဖျရောင်ခြည်အော​က်မှာ သူတစ်ယောက်တည်း မတ်တပ်ရပ်လို့ ။

သူက မိုးတွေကိုချစ်တယ်..။
ဒါပေမဲ့ မိုးကတော့သူ့ကို မချစ်ပါဘူး..။
မိုးရေထိလိုက်တာနဲ့ နောက်တစ်ရက်ဆို နှာစေး၊ချောင်းဆိုးကစလို့ အဖျားတက်တော့တာ သူငယ်ငယ်ကတည်းက ။

ဂျူတီကုတ်ကို ရင်ဘတ်လုံအောင်စေ့လိုက်ရင်း လျှောကျနေတဲ့မျက်မှန်ကိုင်းက်ိုပင့်တင်လို့ လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်တယ်။

နာရီလက်တံအရှည်က ရှစ်နာရီကို ညွှန်ပြနေပေါ့ ။

" ကျစ်!မနက်ကတည်းက ကားယူလာမိရင် အကောင်းသား "

စုတ်သပ်ရုံကလွဲပြီး မိုးတိတ်တဲ့အထိ မှတ်တိုင်အောက်ရပ်စောင့်ဖို့ပဲ ရှိတော့တယ် ။

ဒီနေ့မှ တက္ကစီတွေကလည်း ပြတ်လိုက်တာလေ။

အမိုးပေါ် တစ်ပေါက်ပေါက်ကျလို့ မိုးရေစက်လေးတွေက သူ့ကိုလာစင်တယ် ။ ရေထိသွားတဲ့ မျက်မှန်ကိုသုတ်ဖို့ ကိုင်းကိုချွတ်လို့သုတ်မယ်အပြင်...

" ဒီက အကို ထီးမပါလို့ထင်တယ် "

ခပ်သြသြအသံနဲ့ တောင့်တောင့်ဖြောင့်ဖြောင့်လူငယ်တစ်ယောက် အနားလာရပ်တယ်။

ပါဝါလေးရာ့ငါးဆယ်ရှိတဲ့ သူ့အဖို့တော့ မှောင်နေတဲ့ညရောင်အောက်မှာ လူငယ်ရဲ့ ထူထူထဲထဲမျက်ခုံးမွှေးကိုသာ သေသေချာချာသတိထားမိရဲ့ ။

" ဟုတ်တယ် ညီလေး ၊ အကို ထီးမပါလို့ "

" အကိုက ဆရာဝန်လား "

ဂျူတီကုတ်ဖြူဖြူကိုကြည့်လို့ လူငယ်ကဆိုလာတယ်။

လားပေါင်းများစွာမေးနေတဲ့လူကို သူအပြစ်မမြင်ရက်ပါဘူးလေ ။ ဒီလို မှောင်ကြီးမိုးချုပ် သူတစ်ယောက်တည်းရပ်စောင့်နေတာထက်စာရင် အနားမှာအဖော်ရှိတော့ပိုကောင်းတယ်မလား။

" ဟုတ်တယ် ၊ အကိုက တော်ဝင်ဆေးရုံက ၊ ဒီနေ့ ညဂျူတီကျလို့လေ "

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Where stories live. Discover now