Story 14

1.2K 189 57
                                    

[ Unicode ]


"မသင်ချင်ပါဘူးဆိုဗျာ"

ဆက်တီခုံပေါ်​ဆောင့်ဆောင့်အောင့်အောင့် ပစ်ထိုင်ရင်း ဂျစ်တိုက်နေတဲ့ ကိုယ့်ကို ဆက်တီနဲ့ခပ်လှမ်းလှမ်း သင်ဖြူးဖျာပေါ် စကောဗန်းကြီးတစ်ချပ်ချလို့ ကန်စွန်းရွက်သင်နေတဲ့ အမေက မျက်စောင်းလှမ်းထိုးတယ်။ ပါးဘယ်ဘက်ကပီကေကို ညာဘက်ပြောင်းဝါးလို့ မသိချင်ယောင်ဆောင်ထားလိုက်တော့ အမေ့မျက်နှာ ပိုမဲလာရဲ့။

"စောတည်ကြည်ဟန်! ဘာအတွန့်မှထပ်မတက်နဲ့! မိဘက ကောင်းစေချင်လို့စီစဉ်ရင် စီစဉ်တဲ့အတိုင်းလိုက်နာ"

"အမေသိလား"

အဆက်အစပ်မရှိထပြောတော့ အမေက ကိုယ့်ကို ဘာပြောဉီးမှာလဲဆိုပြီး ထပ်ကြည့်လာပါတယ်။ "နင့်အကြောင်းငါသိတယ်နော် ဟင်းဟင်း" ဆိုတဲ့ အမေ့လက်သုံးစကားကိုလည်း ထုတ်မပြောဘဲ ကိုယ်သိရတယ်။

ဒီလိုပဲပေါ့။ သားအမိတွေဆိုတာ အမေပါးစပ်ဟလိုက်တာနဲ့ ဗိုက်ထဲအူဘယ်နှစ်ခွေရှိတယ်ဆိုတာ တန်းသိတာမျိုး။ အမေကတော့ သုံးဆယ့်နှစ်ခွေဖြစ်မယ်ထင်တယ်။ ကဲ ထားတော့။ ကိုယ်ပြောချင်တဲ့လိုရင်းက အူအကြောင်းမဟုတ်ဘူး။

"ရှစ်တန်းမြန်မာစာသင်တဲ့ ဦးသိန်းက ပြောတယ်"

ပင့်ကြည့်လာတဲ့ အမေ့မျက်လုံး။ ကိုယ် သိတာပေါ့။ အမေက တစ်ဉီးတည်းသောသားလေး ကိုယ့်ကို ဂရုမစိုက်ဘဲမနေဘူးဆိုတာ။ ထောင်နေတဲ့ လည်ပင်းကော်လံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ခေါက်သိမ်းလိုက်ပြီး ချောင်းတစ်ချက်ဟမ့်ရင်း

"သူသင်သမျှကိုတဝေမသိမ်းလိုက်လုပ်လိုက်မှတ်ဖို့ မလိုအပ်ဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်းအားကိုးတတ်ရမယ်တဲ့"

"အဲ့တော့ နင်ကဘာပြောချင်တာတုန်း"

မျက်လုံး၊ မျက်ခုံး တူတဲ့နေရာတစ်ခုမှသာမရှိတာ စိတ်မရှည်တဲ့နေရာမှာတော့ အမေနဲ့ ကျွန်တော်နဲ့က တစ်ပုံစံတည်း။

"အဲ့တော့အမေရယ်။ လူ့လောကထဲ ငါးဆယ့်ကိုးနှစ်နေလာပြီးတဲ့ဆရာကတောင် အဲ့လိုပြော​သေးတာ၊ ဘယ့်နှယ့်ဖြစ်လို့ လေးဆယ့်ရှစ်နှစ်ပဲရှိ​သေးတဲ့အမေက ကျွန်တော့်ကိုဟိုဟာလုပ်ဒီဟာလုပ် လာအမိန့်ပေးနေတာလဲ အား အား အမေ့"

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Where stories live. Discover now