Story 1

8.7K 477 162
                                    

[ Unicode ]

   
" အန်တီရေ  "

ဆိုင်မျက်နှာစာက ခုံနီလေးမှာထိုင်နေတဲ့ အကိုကြီးဆီက စကားသံ ။ ဂိမ်းနှိပ်နေတာမလို့ မကြားချင်ယောင်ဆောင်ထားလိုက်တယ် ။

" ဟဲ့ ​ခမ်းသက်ဝေ ၊ ဟိုမှာအော်နေတာ မကြားဘူးလား ၊ အဲ့ဒီဖုန်းကြီးကိုချပြီး ငါ့ကိုထကူစမ်းပါဉီး ၊ တကတည်း သားလေးတစ်ယောက်မွေးထားပါတယ်... "

ခုံအမြင့်ကနေ ထိုင်လျက် ရှမ်းစီးတွေကိုရေစစ်ပြီး ပန်းကန်လုံးထဲထည့်ရင်းကနေ ဂျောင်မှာထိုင်နေတဲ့သူ့ကို လှမ်းငေါက်လာတဲ့မားရဲ့ ပွစိပွစိစကားသံတွေကြားထဲ အာရုံတစ်ချက်စိုက်လိုက်တာနဲ့ ဂိမ်းသည်လည်း Over ။

ဖုန်းကို လွယ်အိတ်ထဲပြန်ထည့်လို့ ​ခေါ်နေတဲ့လူဆီဆောင့်​ဆောင့်အောင့်အောင့်  လျှော​က်သွားလိုက်တယ် ။

" ဘာလိုချင်တာလဲ "

မကြည်လင်မှုကြောင့် သူ့အသံက ဘောက်ဆတ်ဆတ် ။ သို့တိုင်အောင် ဆူပုပ်နေတဲ့မျက်နှာပြင်ထက်က ပါးချိုင့်လေးက လျော့ကျမသွား ။

" ရှမ်းခေါက်ဆွဲတစ်ပွဲ ညီ ၊ နံနံပင်ရှောင်ပေး "

" ဒါပဲမလား "

" ဟမ် "

သူ့စကားကြောင့် အကိုကြီးက ပြူးကြောင်ကြောင်ကြည့်တယ် ။

စတစ်အဖြူကို ပုဆိုးကွက်စိတ်အပြာနဲ့ဝတ်ထားကာ ခြေထောက်မှာလည်း ကတ္တီပါဖိနပ်နဲ့ ။

ဘာလဲ အလှူလှည့်မှားလာတာလား ။

" ဒါပဲမလားလို့ "

စိတ်မရှည်စွာ ထပ်မေးတော့. ..

" အာ..အင်း ဒါပဲ ညီ "

" ရှမ်းခေါက်ဆွဲတစ်ပွဲ မား ၊ နံနံပင်မစားဘူးတဲ့ "

ခုံနီလေးဘေးကနေ တစ်စက်လေးမှနေရာမရွှေ့ဘဲ လည်ချောင်းထဲက အသံ အကုန်ထုတ်လို့ မားကို လှမ်းအော်လိုက်တယ် ။

ပြီးတော့ ထိုင်နေတဲ့ဟိုလူကို ခပ်ထေ့ထေ့ကြည့်ပေးလိုက်တယ် ။

မှတ်ပြီလား ။ ဒါလေးမှာတာ လှမ်းအော်တော့ ဘာဖြစ်သွားမှာမလို့တုန်း ။ လေးပေစာသာသာအကွာကနေ ထိုင်ရာမထဘဲ စားချင်ဉီး ။

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Where stories live. Discover now