Story 10

1.1K 189 19
                                    

[ Unicode ]

   
"ကိုကြီး၊ ကျွန်တော့်ကိုလာခေါ်"

ဟာ...သွားပြီ။ ဒီကောင်လေး Account မီးစိမ်းလာတာကိုမြင်ကတည်းက VPN ပိတ်ပြီး လိုင်းပိတ်ဖို့လုပ်လိုက်ပေမဲ့ ကံတရားက သိပ်ကိုနောက်ကျသွားပြီ။

Delivered ဖြစ်တဲ့စာကို ရောက်ရက်နဲ့ ဖွင့်မကြည့်ရင် ကျွန်တော့်ကို သေချာပေါက်စိတ်ကောက်တော့မှာမလို့ ချော့မော့ပြီး Reply ပြန်ဖို့သာ ပြင်ရတယ်။

"မနက်ဖြန်မှလိုက်လေကွာ၊ နော်"
"မရဘူး၊ဒီနေ့လိုက်မှာ၊ လာခေါ်ဆိုခေါ်"
"ဒီနေ့ နေပူတယ်လေ ချမ်းရာ၊ မနက်ဖြန်မှလိုက်"
"အေး၊ နာရီဝက်အတွင်း ခင်ဗျားကြီးလာခေါ်ရင်ခေါ်၊ မခေါ်ရင် ကိုယ့်ဘာသာခိုးထွက်မှာ"

ရစ်ထုပ်ကောင်လေးကို ဘယ်လိုမှလည်း နားချမရတော့သည်မလို့ မနေနိုင်တဲ့ကိုယ်ကပဲ လက်နက်ချပြီး ကားသော့ကို ဆွဲယူရတယ်။

ခါတိုင်းနေ့တွေ ဆန္ဒပြသွားတာက ကိုယ်တစ်ယောက်တည်းမလို့ ဆိုင်ကယ်နဲ့ဖြစ်ပေမဲ့ အခုတော့ ရစ်ထုပ်ပါ ပါလာပြီလေ။ ပြာတာတာဒီကောင်လေးနဲ့ ဆိုင်ကယ်နဲ့က ဘယ်လိုမှဖြစ်မည်မဟုတ်။

"မေ၊ သားသွားပြီ"
"အေးအေး သား၊ ဂရုစိုက်ဉီးနော်၊ အမေ ဘုရားစာရွတ်ပေးနေမယ်"

ကျွန်တော့်အိမ်မှာက ဖေရယ်၊ မေရယ်၊ ကျွန်တော်ရယ် သုံးယောက်သာရှိတယ်။ အင်ဂျင်နီယာဖြစ်သူ ဖေက သူ့စစ်ကြောင်းနဲ့သူ ဆန္ဒပြထွက််တယ်။ မေ့ကိုတော့ ကျန်းမာရေးမကောင်းသူမလို့ ဖေရော ကျွန်တော်ရော ထွက်ခွင့်မပေး။ အိမ်ကနေသာ ဘုရားစာရွတ်လို့ ဆုတောင်းစေတယ်။

မျိုးချစ်စိတ်ပြင်းပြတဲ့ ကျွန်တော်တို့အိမ်အဖို့ ဆန္ဒပြထွက်တာ ဘာအကြောင်းမှမဟုတ်ပေမဲ့ ချမ်းကတော့ မတူ။ မိသားစုတစ်စုလုံး ကျိကျိတက်သူဌေးတွေ​ဖြစ်ကာ တစ်ဉီးတည်းသောသားကိုလည်း တုန်နေအောင်ချစ်တာက ချမ်း ကို စည်းအပြင်မထွက်စေတဲ့ အကြောင်းပြချက်တစ်ခု။

ချမ်းလည်း ဆယ့်ရှစ်နှစ်ပြည့်ပြီးတဲ့ လူငယ်တစ်ယောက်လေ။
သူလည်း အများနည်းတူ ထွက်ချင်ရှာမှာပေါ့။

>>>>>

"ချမ်းရေ၊ သားအကိုရောက်နေတယ်"
"လာပြီ မား"
အိမိအပေါ်ထပ်ကနေ ဆင်းလာသူက pantအဖြူကို ခပ်ပွပွတီရှပ်နဲ့ဝတ်လို့။ ခေါင်းပေါ်က ဆံပင်က အုန်းမွှေးလုံးလို ကပိုကရို။

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Where stories live. Discover now