Story 4

1.7K 301 25
                                    

[ Unicode ]

   
" အခြောက်ကောင်လေး အခြောက်ကောင်လေး "

ရွယ်တူသူငယ်ချင်းတွေရဲ့အလယ် ပါးနှစ်ဖက်အပြည့် ပါးကွက်ဝိုင်းဝိုင်းကွက်ထားတဲ့ ကျွန်တော်ဟာ မျက်ရည်စီးကြောင်းတွင်တွင်ကျလို့အော်ငိုနေခဲ့တယ် ။

လက်ချောင်းခြေချောင်းဖောင်းဖောင်းနဲ့ ဖြူဖြူနုနုလေးမို့ မိန်းကလေးအသွင်ထင်ချင်စရာပါပဲ ။

လက်ညှိုထိုးလို့လှောင်ရယ်နေကြသူတွေကြားမှာ ရစရာမရှိလောက်အောင် ကြောက်ရွံ့နေခဲ့တာပေါ့ ။ ကျွန်တော် မုန်းတယ် ။ ပတ်ဝန်းကျင်အသစ်ပြောင်းတိုင်း လှောင်ခံရတာကို ကျွန်တော် သိပ်မုန်းတယ် ။

" ဖယ်ကြစမ်း! "

ခပ်သြသြအသံရဲ့နောက်ဝယ် အရာအားလုံးဟာတိတ်ဆိတ်သွားခဲ့တယ် ။ ကျွန်တော့်ကိုကြည့်လို့ ရယ်နေသူများလည်း မရှိတော့ ။ ဒူးပိုက်လို့ဝှက်ထားတဲ့ ခေါင်းကိုမော့အကြည့်မှာ ကတ္တီပါဖိနပ်အနက်စီးထားတဲ့ ခြေထောက်တစ်စုံ ကျွန်တော့်ရှေ့ကိုလာရပ်တယ် ။

" ထ ညီ "

လက်ချောင်းတုတ်တုတ်တွေက ကျွန်တော့်ကို ဆွဲကူတယ် ။ လက်ဖဝါးကြီးကြီးကိုဆွဲကိုင်လိုက်မိတဲ့အချိန် ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံး နွေးထွေးသွားသလိုပါပဲ ။

" ညီက ကျောင်းသားအသစ်လား "

စကားပြောလိုက်တိုင်း မေးစေ့လေးချိုင့်သွားတတ်တဲ့ အကိုကြီးဟာ ကြင်ကြင်နာနာစကားဆိုလာရဲ့ ။ ခေါင်းကို အသာငြိမ့်ပြလိုက်မိတယ် ။

အစိုးရဝန်ထမ်းမိဘတွေကပေါက်ဖွားလာတဲ့ ကျွန်တော် ဟာ ခုနစ်တန်းအရွယ် ၊ ဒါနဲ့ဆိုကျောင်းပြောင်းရတာ လေးခါ​မြောက်ပဲ ။

" နောက်ဆို ဘာအကြောင်းကြောင့်ဖြစ်ဖြစ် မငိုရဘူးနော် ၊ လိမ်မာတဲ့ကလေးတွေက မငိုတတ်ဘူးတဲ့ "

ကျွန်တော့်ခေါင်းကို ဖွဖွပုတ်ပြီး အကိုကဆိုတယ် ။

​ဘေးလွယ်အိတ်ကို စလွယ်သိုင်းလို့ လှည့်ထွက်သွားတဲ့ ကျောပြင်ကျယ်ကြီးကို ကျွန်တော်ဟာ လွမ်းမောစွာငေးကြည့်လို့ ။

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Hikayelerin yaşadığı yer. Şimdi keşfedin