Story 6

1.3K 216 29
                                    

[ Unicode ]

   
"ဘာမှမစားရသေးတဲ့သူတွေ ဒီဘက်လာကြ၊ အဲ့နားမှာရပ်မနေနဲ့၊ ထမင်းဘူးတွေယူစားကြ၊ လာ လာ"

နွေဉီး ... ဆိုင်းဘုတ်ကိုင်ပြီး နေပူကျဲတဲမှာ ရပ်နေရတာလည်း အတော်ကြာပြီမလို့ အသံကြားရာဆီကို သွားလိုက်တယ်။ ခွေးဘီလူးကားလေးပေါ်မှာ ဖော့ထမင်းဘူးတွေက ပုံလို့ပါပဲ။ အမနှစ်ယောက်က လာယူသူတိုင်းကို  မေတ္တာအပြည့်နဲ့ ကားပေါ်ကနေပြီး ဝေပေးနေတယ်။

လူအုပ်နားကို သွားတန်းရပ်လိုက်ပေမဲ့ ထမင်းဘူးယူဖို့ကျ သိပ်မဝံ့ရဲ။ ဗိုက်ကတော့ သံစုံတီးဝိုင်းမြည်လို့ သူဆာနေပြီဖြစ်ကြောင်းကို အချက်ပြနေတယ်။ ဆန္ဒပြဖို့ မနက်ခုနစ်နာရီကတည်းက အိမ်ကခိုးထွက်လာတာမလို့ ဘာမှလည်းမစားခဲ့ရ။  ဆိုင်းဘုတ်ခပ်ကြီးကြီးကို ရင်ဝယ်တစောင်းပိုက်ထားရင်းနဲ့ပဲ  မအူမလည်နဲ့ မတ်တပ်ရပ်နေမိတယ်။

"ရော့"

မျက်စိရှေ့ရောက်လာတဲ့ လက်သွယ်သွယ်တစ်စုံနဲ့ ထမင်းဘူးတစ်ဘူး။

ဖျတ်ခနဲ မော့ကြည့်လိုက်တော့ နေပူပူအောက်မှာတောင် အရှိန်တစ်မျိုးနဲ့တောက်ပနေတဲ့ အကိုကြီးတစ်ယောက်။ နေကာမျက်မှန်ကို တပ်ထားတဲ့အောက်မှာ နှာတံစင်းစင်းက ထင်းလ်ို့။ အဆုံးသတ်နေရာ မေးဖျားလေးထက်က နှုတ်ခမ်းကလည်း ပိရိသေသပ်နေတဲ့အပြင် ချယ်ရီဖူးသဏ္ဍာန် နီရဲရဲ။

ဘယ်လောက်တောင် ငေးမိနေမှန်းမသိ။ ရှေ့က လက်ချောင်းတို့က ထမင်းဘူးကို လှုပ်ပြလာတယ်။

"ဟေး မယူဘူးလား"

"အာ..ဟုတ် ဟုတ်၊ ကျေးဇူးပါ အကို"

ခပ်သွက်သွက်လှမ်းယူပြီး ခေါင်းလေးငုံ့လို့ ကျေးဇူးတင်ကြောင်းပြောတော့ အကိုက လွင်ဖျော့ဖျော့ ရယ်တယ်။ နှုတ်ခမ်းနှစ်လွှာကြားက လှစ်ခနဲမြင်လိုက်ရတာက...

အလို! သွားတက်သေးသေးလေးပါလား!

ဘာရယ်ကြောင့်မသိပေမဲ့ ဒီသွားတက်သေးသေးလေးကို ရင်းရင်းနှီးနှီးမြင်ဖူးနေသလို။ သို့ပေမဲ့လည်း သေချာတပ်အပ်ဖို့တော့ မယုံရဲ။

ဖော့ဘူးလေးက်ိုကိုင်လို့ လူနည်းနည်းရှင်းတဲ့ ပလက်ဖောင်းပေါ်မှာ ထိုင်ချလိုက်တယ်။ ဘူးကိုဖွင့်ပြီး ထမင်းတစ်ဇွန်းခပ်လို့ ပါးစပ်ထဲသွပ်တော့မယ် ကြံရွယ်မှ မျက်ဝန်းထောင့်က အရိပ်လေးကိုသတိထားမိတော့တာပဲ။

ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတချို့  [ဂျစ်ပစီတစ်ယောက်ရဲ့ အတွေးစတစ်ချို့]Where stories live. Discover now