[Unicode]
ကြီးမားပြီးကျက်သရေရှိလှသော မင် အိမ်တော်အတွင်း၌
အစေခံများကိုသာအဖော်ပြုကာ မနက်စာစားနေရသော 16နှစ်အရွယ်ကောင်လေးတယောက်..."ဦးလေးလီ ကျွန်တော်စားလို့ပြီးပြီ သွားကြမယ်"
"ဟုတ်ကဲ့ သခင်လေး"
နက်ပြောင်သောဇိမ်ခံကားကြီးပေါ်သို့တက်ကာ အဖော်မရှိသောကျောင်းသို့ သွားရပေဦးမည်။
ကျောင်း၀န်းထဲသို့ကား၀င်၍မရသောကြောင့် ကျောင်းပေါက်၀မှာတင်ဆင်းကာ ကျောင်း၀န်းထဲသို့လမ်းလျှောက်၀င်ရသည်
ကျောင်းပေါက်၀မှ အတန်းများရှိရာသို့၅မိနစ်လောက်လျှောက်ရသည်အင့်*
"ဆောရီးပါဗျာ ကျွန်တော်မမြင်မိလို့ တောင်းပန်ပါတယ်"
"ဟုတ် ရပါတယ်ရှင် ကျမလဲအလျင်လို့နေပါ"
တိုက်မိ၍အောက်ကျသွားသောစာအုပ်များအား ပြန်ကောက်ပေးရန်ပြင်တော့ နှစ်ဦးသားခေါင်းချင်းဆုံပြီးတိုက်မိပြန်သည်
ခေါင်းချင်းတိုက်မိတော့မရည်ရွယ်ပါပဲ နှစ်ဦးသားပြိုင်တူရယ်မိပြန်သည်
"ကျွန်တော့်နာမည်က မင်ယွန်းဂီပါ""အာ ကျွန်မနာမည်က အယ်လီရာပါ
တွေ့ရတာ၀မ်းသာပါတယ်"ကျွန်တော်တို့နှစ်ယောက်ရဲ့တွေ့ဆုံမှုက ဇာတ်လမ်းဆန်ဆန်ပေါ့...
အတန်းထဲ၀င်ပြီးထိုင်နေကျရှေ့ဆုံးခုံမှာ နေရာယူပြီးလိုအပ်သည့်စာအုပ်များကိုအဆင်သင့်ထုတ်ထားလိုက်သည်"အကို ယွန်းဂီ"
အပေါက်၀ကခေါ်သံကြားလို့ကြည့်လိုက်တော့ တဦးတည်းသောညီ၀မ်းကွဲ ဂျောင်ကု
"ဂျောင်ကု ဘယ်လာတာလဲ"
"အကို့ဆီလာတာ"
"ဘာလုပ်ဖို့"
ဂျောင်ကု အနောက်ကိုကြည့်လိုက်တော့ မနက်ကတွေ့တဲ့မိန်းကလေး...
"ဒီမှာလေ ဒီအမကကျွန်တော့်သူငယ်ချင်းရဲ့အမ
ဒီနေ့မှကျောင်းပြောင်းလာတာ အသိလဲမရှိ တော်သေးတာပေါ့ အကိုရှိတဲ့အခန်းကျလို့ အဲ့ဒါကြောင့်အကို့ဆီလာအပ်တာ""အော်..."
အတန်းတူတော့ အယ်လီရာဆိုတဲ့သူမနဲ့ပဲ အမြဲအတူစာလုပ်ဖြစ်သည်
သူမကတော့ဖော်ရွေသူပီပီ အတန်းဖော်များနှင့်ရင်းနှီးစွာ
ဒါပေမဲ့ကျွန်တော်နဲ့ကပိုပြီးအနေများသည်
ပထမပတ်စာမေးပွဲဖြေတော့ သူမကတော့ အတန်းတူသည်ဟူသောအကြောင်းပြချက်နှင့် ဂျောင်ကုနှင့်အတူအိမ်သို့၀င်ထွက်နေခဲ့သည် ဂျောင်ကုမပါလျှင်တောင်မှပေါ့...
ကျွန်တော်ကလဲ တကိုယ်တည်းသမားအေးအေးဆေးဆေးနေတတ်သူမို့ သူငယ်ချင်းမရှိသည့်ကျွန်တော့်အဖို့တော့ သူမကပထမဆုံးသောသူငယ်ချင်းပဲ