𝙶𝚞𝚎𝚜𝚝 - 4

416 59 2
                                    

[Unicode]

ထယ်ယောင်းတယောက် ညနေ နေအေးသည်မို့
စက်ဘီးလေးစီးကာမုန့်ထွက်၀ယ်ရင်း ပန်းခြံသို့ထွက်လာခဲ့သည်။

နွေဦးရောက်တော့မည်ဖြစ်တာကြောင့် လမ်းတလျှောက်လုံး မေပယ်ရွက်တွေဝေနေခဲ့သည်
ပန်းခြံထဲ၀င်လိုက်သည်နှင့် ထိုင်နေကျနေရာလေးကိုကြည့်ပြီး အပြေးလာလိုက်သည်
ခုံတန်းအရှေ့ရောက်တော့ မုန့်ထုပ်ချမလို့ရှိသေး
ကောင်လေးတယောက်ကဖျက်ခနဲဆို၀င်ထိုင်သွားတော့ ချမည့်မုန့်ထုပ်လေးလဲအောက်ကို ပြုတ်ကျသွားခဲ့သည်

နောက်တော့သူ့ကောင်မလေးဖြစ်ဟန်တူသည်
လက်ယပ်ခေါ်ပြီးဘေးနားထိုင်စေသည်
သူ့ကိုမရှိသလိုပင်ဆက်ဆံကာ ကောင်မလေးနဲ့ချစ်ကြည်နူးနေသည်

"ဒီမှာ ဒီမှာ"

"ဘာလဲ"

အောင်မာ ထူးတာကိုက ဘာလဲတဲ့
တွေ့ကြသေးတာပေါ့

"ဘာလို့သူများထိုင်မဲ့နေရာကိုဖျက်လုပြီး ထိုင်သွားတာလဲပြော"

"ဒီခုံကအများပိုင်လေ မင်းတယောက်ထဲပိုင်တာမှမဟုတ်ပဲ"

"ငါအရင်ဒီရှေ့ကိုရောက်နေတာလေ"

"ငါအရင်ထိုင်လိုက်တာ ရှင်းလား"

အမလေး မိန်းမကြီးကျနေတာပဲ စကားကိုကပ်သပ်ပြောနေတာ သူ့ကောင်မကလဲမုန့်ကိုတမျိုးပြီးတမျိုးသွပ်နေတာများ
ဘယ်လိုဟာတွေမှန်းမသိဘူး

အရှေ့လာပြီး အကဲပိုနေတဲ့နှစ်ယောက်ကို ပညာလေးတော့ပြရဦးမှာပေါ့ ဟင်းဟင်း
လက်ထဲမှာကိုင်ထားတဲ့ရေခဲ့မုန့်ကိုအဖုံးဖွင့်ပြီး နှစ်ယောက်လုံးပေါ်လောင်းချပစ်လိုက်သည်

"မင်းဘယ်လိုလုပ်လိုက်တာလဲ"

"မမြင်ဘူးလား ရေခဲမုန့်နဲ့လောင်းပစ်လိုက်တာလေ"

"ရော့ အခွံပါယူထား နောက်တခါသူများထိုင်ခုံကိုကြားဖြတ်ယူပြီး ချစ်ကြည်နူးတစ်တီတူး နေလို့ကတော့ ဒီ့ထပ်ဆိုးမယ်"

*ဟွန့်* ပြောပြီးခြေဆောင့်ကာလှည့်ထွက်လာခဲ့လိုက်သည်
မေ့တော့မလို့ အရေးကြီးတာပြောရဦးမှာပဲ
ဟိုအတွဲဆီပြန်သွားပြီး အကျယ်ကြီးအော်ပြောပြစ်လိုက်သည်က...

𝙶𝚞𝚎𝚜𝚝Tempat cerita menjadi hidup. Temukan sekarang