[Unicode]
ဒီညနေကျောင်းဆင်းတော့ထူးထူးဆန်းဆန်းဦးကလာကြိုနေသည်။ကျောင်းရှေ့မှာကားကိုမှီပြီးsuitအပြည့်နဲ့ရပ်နေတဲ့ဦးကသိပ်ကြည့်ကောင်းတာပဲ
ကျောင်းထဲကထွက်လာတဲ့မိန်းကလေးတသိုက်ကလဲ ဦးကိုကြည့်ပြီးတွတ်ထိုးနေလိုက်ကြတာ..လွယ်အိတ်ကြိုးကိုလက်နှစ်ဖက်နဲ့တင်းနေအောင်ကိုင်ပြီး ဦးဆီကိုလျှောက်လှမ်းသွားစဉ်အနောက်မှ...
"ဂျီမင်"
စီနီယာအကိုကြီးတယောက်..ဒီအကိုကြီးကရုပ်ချောတာမို့ကျောင်းမှာရေပန်းစားသည်လေ ...
ကောင်မလေးတွေကလဲသဲသဲလှုပ်.."ဟုတ် စီနီယာ"
"ဟို ဂျီမင့်ကို အကိုပေးစရာလေးရှိလို့"
"ဟုတ် ပေးလေ"
"ဒီမှာ"
လက်ထဲကိုခေါက်ထားတဲ့ခရမ်းရောင်စာရွက်လေးတခုထည့်ပေးသွားတယ်..ဒီလောက်ဆိုသိလိုက်ပါပြီ
"သေချာဖတ်ကြည့်နော် သွားပြီ"
ပြုံးပြပြီးပါးတဖက်ကိုဖွဖွလေးဆွဲကာထွက်သွားသောစီနီယာအကိုကြီး..ဘေးနားကနေဖြတ်သွားတဲ့ကောင်မလေးတချို့ကတော့အံ့သြစွာပင်ကြောင်ကြည့်နေကြသည်။
ထိုခရမ်းရောင်စာရွက်အခေါက်လေးအားလွယ်အိတ်ထဲထိုးထည့်နေစဉ်ကျောပေးရပ်ထားရာကနေကျောများပင်ချမ်းလာရသည်..လွယ်အိတ်ထဲထည့်ပြီးပြန်လှည့်တော့ကိုယ့်ကိုစူးစိုက်ကြည့်နေတဲ့သူတယောက်
တရားခံကတော့ ဦး...အနားရောက်သည်ထိလူကိုအကြည့်မလွှဲပဲစိုက်ကြည့်နေသောကြောင့်ကြောက်စိတ်များပင်၀င်လာရသည်
"ဦး""ဘာလဲ"
စောင့်အောင့်ပြီးဖြေသောဦးမှာကြောက်စရာမကောင်းပဲသူ့အစာကိုလာလုသောကြောင့်ရန်လိုနေသောကြောင်ပေါက်လေး
နှင့်ပင်သွားတူရော့သည်။"ဦး ဘာလာလုပ်တာလဲ"
"ဘာလာလုပ်တယ်လို့ထင်လဲ..ကျောင်းလာတက်တယ်လို့ထင်နေတာလား"
"ဦးကလဲကျွန်တော်ကမသိလို့မေးတာကို"
"မင်းကိုလာကြိုတာပေါ့"