[Unicode]
ဦးနဲ့မျက်နှာချင်းမဆိုင်ဖြစ်တာ တစ်ပတ်ရှိပြီ မနက်ကျောင်းသွားတော့လဲ အစောကြီးထကာ ထယ်ယောင်းနဲ့ပဲသွားဖြစ်သည် အိမ်ထဲမှာလဲစကားမပြောပဲ
ကျွန်တော့်ဘက်ကရှောင်နေမိတယ် ဦးဘက်ကပြောစရာစကားလေးစလိုက်ရင် အကြောင်းအမျိုးမျိုးပြကာပင် ရှောင်လိုက်သည်။
ညနေကျောင်းဆင်းတော့လဲ ထယ်ထယ်နဲ့သာပြောခဲ့တဲ့စကားတွေအတွက် မျက်နှာပူတာထပ် ဦးဆီကထွက်လာမဲ့စကားလုံးတွေကို ရင်မဆိုင်ရဲတာဆိုပိုမှန်လိမ့်မည်
အတွေးများနေစဉ် တံခါးလာခေါက်တော့...*ဒေါက် ဒေါက်*
"ဂျီမင်"
ဟင် ဒါဦးအသံပဲ
ငါ့ကိုဘာပြောမလို့လဲမသိဘူး ဒုက္ခပါပဲ"ဂျီမင် အထဲမှာရှိလား"
"ဟုတ် ဟုတ် ရှိတယ်ဦး"
"စာကျက်ဖို့မလာဘူးလား"
"ဒီနေ့တော့မကျက်ဖြစ်တော့ဘူး ဦး
ကျွန်တော်ခေါင်းကိုက်နေလို့""ဒါဆိုလဲပြီးရော ဆေးသောက်ထား"
"ဟုတ်ကဲ့ ဦး"
တံခါးနားကပ်ပြီး ခြေသံနားထောင်ကြည့်လိုက်တော့
အောက်ဆင်းသွားပြီဖြစ်သည်
ဟူး ရင်တွေတုန်လိုက်တာဒါနဲ့ ဦးကငါ့ကို ဆေးသောက်ဦးတဲ့
ဟီး ဒါဦးငါ့ကိုစိတ်ပူသွားလို့ပဲ ပျော်လိုက်တာ
.
.
.
"ပတ်ဂျီမင်!!!""ဗျာ ... ဗျာ"
"မင်းအဆင့်မင်းပြန်ကြည့်စမ်း မင်းအနောက်မှာ သုံးယောက်ပဲရှိတော့တယ် ရှက်စရာကောင်းလိုက်တာ"
"ဖေဖေကလဲ"
"ဖေဖေကလဲလုပ်မနေနဲ့ ယွန်းဂီကိုချည်းပဲ အားကိုးမနေနဲ့
ဟိုကအလုပ်နဲ့အကိုင်နဲ့ မင်းနောက်လဒီလိုပုံစံမျိုးရလာရင်
မင်းကိုငါ့အိမ်ပေါ်ကနေ မောင်းချမယ် သွားစာသွားလုပ်ချည်""ဟွန့် ဖေဖေကလဲ ဒီသားလေးတယောက်ထဲရှိတာကို ဆူပူနေလိုက်တာ တကယ်ပဲ"
ဆောင့်အောင့်ပြောဆိုကာ တက်သွားတဲ့ ပတ်ဂျီမင်ပါလေ...
"ဟိုကောင် ငါကြားတယ်နော်"