𝙶𝚞𝚎𝚜𝚝 -1

1.3K 78 8
                                    

[Unicode]

"ဂျီမင်လေးရေ သားငယ်လေး ထတော့လေကွယ်
အောက်မှာထယ်ယောင်းလေးတောင်ရောက်နေပြီ"

"အွန်း...မေမေ
ထယ်ထယ့်ကိုအပေါ်လွှတ်ပေး"

"ဟုတ်ပြီ ဟုတ်ပြီ"

"ကဲ ထယ်ယောင်းလေးရေ မင်းသူငယ်ချင်းကအိပ်ပုတ်ကြီးနေတယ် အပေါ်ကိုလာခဲ့ပါတဲ့"

"ဟုတ်ကဲ့ အန်တီ"

"ဒေါက် ဒေါက်"
"ဂျီမင်းနီး ငါ၀င်လာပြီနော်"

"ထယ်ထယ် အစောကြီးပဲရှိသေးတယ်လေကွာ"

"မစောတော့ဘူး ဒီနေ့ငါတို့စာအုပ်လိုက်ကောက်ရမယ့်အလှည့်လေ"

"ဟာ ဟုတ်သားပဲ"

"ထတော့ ငါအောက်မှာစောင့်နေမယ်နော်"

"အင်း ထယ်ထယ်"

~Guest~

လေယာဉ်ပေါ်ကဆင်းလိုက်တာနဲ့ အမိမြေရဲ့လေကိုအ၀ရှူရှိုက်မိလိုက်သည်
ကိုရီးယားတွင်မွေးဖွားသော်လဲ အသက်18နှစ်မှာဖေဖေဆုံးသွားတာကြောင့် ဖေဖေ့လုပ်ငန်းတွေကိုဦးစီးရမှာဖြစ်လို့
နိုင်ငံခြားတွင်သာကျောင်းဆက်တက်ရင်း လုပ်ငန်းများကိုဦးဆောင်ခဲ့သည်။

လမ်းမှာတွေ့တဲ့ taxi ငှားပြီး အသိရှိတဲ့အထက်တန်းကျောင်းကိုသာအရင်ဦးဆုံးလာခဲ့လိုက်သည်

"တော်သေးတာပေါ့ အမှီပို့လိုက်ရလို့
ပြေးရတာမောသွားတာပဲ"

"နောက်တခါစောစောထ"

"အင်းပါ ထယ်ထယ်ရ"

သူငယ်ချင်းနှစ်ယောက်စကားတပြောပြောနဲ့ ရယ်မောပြီးလျှောက်လာစဉ် တစုံတဦးအားတိုက်မိလိုက်သည်

"အင့်"

"ဟာ ဂျီမင်းနီး"

"အာ ကလေး ဆောရီးကွာ
ဦးနဲနဲလောသွားလို့ ထထ ဦးထူပေးမယ်
ဘယ်နားနာသွားသေးလဲကလေး"

ရှေ့ကနေတရစပ်ပြောနေတဲ့အသားဖြူဖြူနဲ့လူကြီးက
ကြည့်ကောင်းလိုက်တာ

"ကလေး ဦးပြောတာကြားလား"

"အာ ဟုတ် ဦး"

𝙶𝚞𝚎𝚜𝚝Tempat cerita menjadi hidup. Temukan sekarang