[Unicode]
-အချစ်ဆိုတဲ့အရာက
မဖတ်ခေါ်ပဲနဲ့ရောက်လာတတ်သလို...-ကျွန်တော်အခုချိန်ထိ အဖြစ်အပျက်များကိုမယုံသေးပါ
မတော်တဆ ကျောင်းမှာတွေ့တယ်
မထင်ထားတာက ဖေဖေနဲ့လုပ်ငန်းတူလုပ်ငန်းတူတယ်တဲ့
မထင်မှတ်ပဲ အိမ်ရောက်လာတယ်
အခုကျွန်တော့်ရှေ့မှာ ထမင်းထိုင်စားနေတဲ့လူကြီး
ထိုလူကြီးနဲ့သူနဲ့ ရေစက်ကထူးဆန်းလွန်းပါဘိ
ထားပါလေ ရေစက်ဆိုတာထူးဆန်းတာပါပဲ..."မောင်ရင်ကတကယ့်လူတော်ကွာ အသက်16နှစ်ထဲကလုပ်ငန်းဦးစီးလာတာ ခုချိန်ထိနာမည်ပျက်မရှိဘူး"
"ဟုတ်ကဲ့ ကျေးဇူးပါအန်ကယ်"
ထိုလူကြီးက ဖေဖေနဲ့စကားပြောအပြီး မျက်လုံးကကျွန်တော့်ဆီဝှေ့ခနဲရောက်လာတော့
ဒိန်းခနဲဖြစ်သွားတဲ့ ကျွန်တော့်နှလုံးသားငယ်..."ကျ... ကျွန်တော်စားလို့ပြီးပါပြီ"
ထိုလူကြီးကကြည့်အကြည့်မလွှဲတာမို့ ထမင်း၀ိုင်းကနေထရန်ပြင်လိုက်သည် မဟုတ်ရင်ဒီနေရာမှာတင် နှလုံးရပ်သွားနိုင်တယ်
ခုလဲကြည့် ခေါင်းငုံ့ပြီးပြုံးနေတာ ဒီလူကြီးဘာလား..."အော် သားငယ်
ဒီကမောင်ရင့်အထုပ်တွေ သားအခန်းထဲကို သယ်သွားပေးပါဦး""ဗျ... ဗျာ"
"ဒီနေ့တရက်တော့ သားအခန်းထဲပဲပေးနေလိုက်ပါကွယ်
အခန်းကမရှင်းရသေးတာမို့""ဟုတ်ကဲ့"
"ကျွန်တာ်လဲ၀ပါပြီ"
"အေး ဒါဆိုသားငယ်နောက်ကိုလိုက်သွားကွာ
ကိုယ့်အိမ်လိုသဘောထားပြီးသာနေ""ဟုတ် သွားလိုက်ပါဦးမယ်ဗျ"
အရှေ့ကနေအထုပ်ကြီးကို မနိုင်မနင်းနဲ့သယ်ပြီးတက်သွားတဲ့ကောင်လေးကို အသည်းယားလိုက်တာ အကျီအ၀ါအပွကြီးထဲမြုပ်နေတာ
တကယ့်ကြက်ပေါက်ကလေးလို ကွတကွတနဲ့လျှောက်နေတယ်