"ဂျီမင် ဂျီမင်"
"ဟင် ဟင် ... ထယ်ထယ်"
"ဘာဖြစ်လို့လဲ မနက်ကထဲကမှိုင်နေတာ
ဘာဖြစ်နေတာလဲ""ဟင့်အင်း ဘာ...ဘာမှမဖြစ်ပါဘူး"
"မင်းကလဲကွာ ငါ့ကိုမညာပါနဲ့
အရင်ငါ့သူငယ်ချင်းဂျီမင်က ဒီလိုမဟုတ်ပါဘူး""ဒီလိုပါပဲကွာ"
"ဂျီမင် မင်းငါ့ကိုမခင်ဘူးလား"
"ခင်တယ်လေကွာ"
"ခင်ရင်မင်းအခုဘာဖြစ်နေလဲဆိုတာငါ့ကိုပြော"
"မင်း ဘယ်...ဘယ်သူ့ကိုမှပြန်မပြောရဘူးနော်"
"အေးပါကွာ မပြောပါဘူး"
"အခုလေ ငါတို့အိမ်မှာရောက်နေတဲ့မင်ယွန်းဂီဆိုတဲ့လူကြီးကို သိတယ်မလား"
"အေးသိတယ်"
"ဦး ... ဦးကိုလေ ငါ ...ငါချစ်နေပြီထင်တယ်"
"ဘယ်လိုဂျီမင်!!"
"ဟုတ်တယ် ထယ်ထယ်
ဦးနဲ့တွေ့ရင်ငါ့ရင်ဘတ်ထဲကပုံမှန်မဟုတ်ဘူး ဦးနဲ့လဲမျက်လုံးချင်းမဆုံရဲဘူး ဦးအလုပ်ကဖုန်းလာလို့ဖုန်းပြောပြီးပြုံးနေရင် ငါရင်တွေပူတယ် ဦးရဲ့နိုင်ငံခြားကချစ်သူများလား သဘောကျနေတဲ့မိန်းကလေူများလားဆိုပြီး ငါ့မှာတွေးပူနေရတာ မဖြစ်သင့်မှန်းသိပေမဲ့ကွာ ငါဦးကိုတကယ်ချစ်မိနေတာ"ပြောပြီးပြီးချင်း ဂျီမင်မျက်ရည်ကျလာခဲ့သည်။
သူဘယ်လောက်ထိချစ်မှန်း စိတ်ပူနေမှန်းသိသာလွန်းနေသည်"မငိုပါနဲ့ဂျီမင်ရာ မင်းဘယ်လောက်ခံစားရမလဲငါနားလည်ပါတယ်"
"ငါ...ငါလေဦးကိုဖွင့်ပြောလိုက်ရမလားဟင်"
"မင်းဦးကလက်ခံပါ့မလား နောက်ပြီးယောကျ်ားလေးချင်းရော သဘောကျပါ့မလား"
"အင်းနော် ဦးကအဲ့လိုလူမျိုးမဟုတ်ရင််လိုလုပ်မလဲ"
"ကြိုးစားကြည့်ပေါ့ ဂျီမင်ရာ"
ဟင်း........
.
.
ညနေကျောင်းဆင်းချိန်ကျတော့ ထုံးစံအတိုင်းပင်ဦးကကျောင်းရှေ့မှာ..."ကလေး ဂျီမင်...
မျက်နှာလဲမကောင်းပါလား ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"