[Unicode]
ဒီနေ့ အိမ်မှာဦးကို မုန့်လုပ်ကျွေးဖို့အများကြီး ပြင်ဆင်ထားတယ်။ ကျွန်တော်ကျောင်းပြီးကတည်းက ဦးရဲ့ ရုံးချုပ်ရှိတဲ့ ပဲရစ်မှာလိုက်နေခဲ့သည်။ အခုဆိုဦးနဲ့ လက်ထပ်ပြီးတာ သုံးနှစ်ရှိပြီ...
ထိုသုံးနှစ်အတွင်းမှာ ဦးက ကျွန်တော့်ကိုအမြဲပျော်ရွှင်အောင်ထားခဲ့တယ်
အိမ်မှာပဲ ဘာမှမလုပ်ခိုင်း...
နိုင်ငံခြားကုမ္ပဏီဖြစ်တာကြောင့်ရော ရုံးချုပ်လဲဖြစ်တော့ ဦးတယောက်ထဲအုပ်ချုပ်ရတာ ပင်ပန်းနေရတာ ပြေးကြည့်စရာတောင်မလိုဘူး
ဒါကြောင့်မို့ အိမ်နဲ့နီးတဲ့နေရာလေးမှာ ကော်ဖီဆိုင်လေးဖွင့်ပြီး တဖက်တလှမ်းကကူညီချင်လို့ ဖွင့်ပေးပါ တောင်းဆိုတော့ မနည်းကိုချော့လိုက်ရတယ် သူ့လုပ်စာမစားချင်လို့လားဆိုပြီး
စိတ်ဆိုးသွားလို့အိမ်အလုပ်တွေအတွက် ကိုရီးယားကခေါ်ထားတဲ့ အဒေါ်ကြီးတယောက်နဲ့ ကောင်မလေးနှစ်ယောက် ကိုသာလွှဲထားသည်...
ဦးနဲ့ကျွန်တော် ရန်ဖြစ်တာဘာညာကတော့ လုံး၀မရှိ
စကားများတာလောက်ပဲ
စကားများရင်တောင် ကျွန်တော့်ဘက်က ဘယ်လောက်မှားမှား ဦးဘက်ကသာ ပြန်ချော့မြဲ...
ဒါကြောင့်ကျွန်တော်က ဆိုးချင်တိုင်းဆိုးနေတာ ဟီး~~ညကလဲအလုပ်တွေ သယ်လာပြီးလုပ်တာ မိုးလင်းခါနီးမှပြီးတယ်ထင်ပါရဲ့ ခုထိမနိုးသေး...
သူ့မှာလဲ အလုပ်ကိုသက်တောင့်သက်သာမလုပ်ရပါဘူး
ကျွန်တော်တယောက်ထဲကြောက်မှာစိုးလို့ဆိုပြီး စာဖတ်ခန်းမသွားပဲ ကျွန်တော့်ဘေးမှာထိုင်ပြီး လပ်တော့ပ်ကိုပေါင်ပေါ်တင်ကာ မသက်မသာလုပ်ရရှာတယ်မီးဖိုခန်းထဲမှာ ကင်မ်ချီဟင်းရည်အိုးလေးတည်ခဲ့ပြီး အပေါ်သို့တက်နိုးရန်ပြင်ရမည်။ အခန်းတံခါးဖွင့်လိုက်တော့
ညအိပ်၀တ်စုံအဖြူ၀မ်းဆက်လေးနဲ့ အိပ်ယာခင်းအဖြူ စောင်အဖြူကြားထဲ နှစ်နှစ်ခြိုက်ခြိုက်ကွေးအိပ်နေတဲ့ ကျွန်တော့်ရဲ့ကြောင်ဖြူလေး..."ဦးရေ...ဦး
ထတော့လေ ဒီနေ့ကျွန်တော်မုန့်လုပ်ကျွေးဖို့ ပြင်ဆင်ထားတယ် ဦးရဲ့"အင်း...... ဆိုကာ ကြောင်လေးတွေအပျင်းဆန့်သလို မျက်နှာလေးရှုံ့ပြီး အပျင်းတစ်နေတဲ့ ကျွန်တော့်ရဲ့ ဦး