[Unicode]
- ရေစက်ဆိုတဲ့ အရာကြီးကို
ကျွန်တော်မုန်းပါသည် -အရင်ကတက်ခဲ့တဲ့ကျောင်းဖြစ်တာကြောင့် ဘယ်နေရာဘာရှိတယ်ဆိုတာ သိနေတယ်
အားကစားခန်းမဘက်သွားတော့ ဘတ်စကက်ဘောဆော့နေတဲ့ ဂျောင်ကု
မတွေ့တာကြာတော့ဒီကောင်လေး ထွားလာလိုက်တာဂျောင်ကု!!
"ဟာ အကိုယွန်းဂီ
ဘယ်တုန်းကပြန်ရောက်နေတာလဲဗျာ ကျွန်တော့်ကိုပြောတာမဟုတ်ဘူး လာကြိုမှာပေါ့""နေပါစေကွာ ပင်ပန်းပါတယ်
ငယ်ငယ်က ဘနားနားမစ်အကျိုးတွေ ကြည့်စမ်း
ငါ့ထပ်တောင်လူကောင်ကြီးထွားလို့""ဟီးဟီး အကိုကလဲ
ဒါနဲ့အကိုဘယ်မှာနေမှာလဲ""ငါ့အသိမိတ်ဆွေတယောက်ရှိတယ် သူနဲ့စပ်တူလုပ်ငန်းအတွက်လာခဲ့တာ သူ့အိမ်မှာပဲပေးနေတယ်"
"အကိုကောင်မလေးတွေ ဘာတွေရနေပြီလား"
"ဘယ်ကသာကွာ လုပ်ငန်းတွေနဲ့ပဲချာလပတ်လည်နေရတာ
မူးလို့ရှူစရာတောင်မရှိဘူး""ဟားဟား ဒါဆိုကျွန်တော်ကသာသွားပြီ ကျွန်တော့်မှာကတဖတ်သက်ကြိုက်နေတဲ့ကောင်လေးရှိတယ်"
"ဟာ တည်ဟုတ်ပါလား
မင်းကြိုက်တဲ့ကောင်လေးတော့ ငါတွေ့ချင်တယ်ကွာ""အလှလေးဗျာ"
"ကြွားနေလိုက်တာ
ဟုတ်ပါပြီ ရောက်တုန်းရောက်ခိုက် တပွဲတလမ်းလောက်ဆွဲရအောင်""စိန်လိုက်ဗျာ"
ယွန်းဂီငယ်စဉ်က ဘတ်စကက်ဘော လက်ရွေးစင်ကစားသမားတယောက်ဖြစ်တာကြောင့်
ယခုအသက် 30 ပြည့်ခါနီးပေမဲ့လဲ လူငယ်ကစားသမားတယောက်အတိုင်းပင် ဖြတ်လပ်ဆဲ...~Guest~
ဟူး~~
ဂျီမင်တယောက် ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိတ်ချွတ်ကာ ကုတင်ပေါ်သို့ပစ်လှဲချပလိုက်သည်အ!
ပခုံးရိုးအောက်မှာ လွယ်အိတ်ကသော့ချိတ်ခံနေတာကြောင့် အတော်လေးနာသွားရသည်
ပုံမှန်ဆိုသိပ်နာမည်မဟုတ်ပေမဲ့ မနက်ကချော်လဲ၍လက်ထောက်မိသောဒဏ်ကြောင့် ပိုလို့ပင်နာနေခြင်း