" ကိုကို့ ရဲ့ ငယ် - 25 "
"အဘွား""Chan အဘွားမျှော်နေတာ သူက"
"မင်္ဂလာပါ Kyung Soo ပါဗျ"
"သား ကြိုပြောထားတယ်လေ အဘွား"
"အဘွား မေ့သွားတာ Chan ထက်ငယ်မယ်ထင်တယ်"
"ဟုတ် ငယ်ပါတယ် အဘွား"
ရယ်ပြီးပြန်ဖြေတော့ အဘွားက Kyung Soo ပါးလေးကို ဖွဖွဖျစ်တယ်
"ရယ်လိုက်ရင် ချစ်စရာလေးပဲ"
ဘယ်နေရာဖြစ်ဖြစ် လိုက်လျောညီထွေဖြစ်အောင်နေတဲ့ Kyung Soo က အဘွားကိုတော့ သံယောဇဥ်ရှိပုံရတယ်
"Min Seok အခန်းလိုက်ပြလိုက်နော် ပြီးရင် အဘွားဆီလာခဲ့"
"ဟုတ်"
"သားတို့နားကြဦး မနက်ဖြန်မှ ရွာထဲလျှောက်ကြည့်ပေါ့"
"ဟုတ် အဘွား"
"ဟုတ် အဘွား"အဘွားအိမ်က တစ်ထပ်အိမ်လေးပေမယ့် တော်တော်ကျယ်တယ် အခန်းတွေလည်း သပ်သပ်ရပ်ရပ်ဖွဲ့ထားတဲ့အပြင် မနက်ခင်းဆို ပြတင်းပေါက်က နေခြည်နွေးနွေးလေး ရနေမယ့်ပုံပဲ
"Min Seok ဒီအခန်းလား"
"ဟုတ်တယ် Kyung Soo"
"woww အကျယ်ကြီးပဲ"
ပုံမှန်အခန်းရဲ့ နှစ်ခန်းစာလောက်ရှိမယ်
တစ်ဖက်နံရံမှာ ဗီရိုအမြင့်တစ်ခု အိပ်ယာခင်းနဲ့စောင်တွေ ထားပုံရတယ်"ကျွန်တော် သွားလိုက်ဦးမယ် အေးဆေးနားကြပါ"
^'နားကြပါ' ဆိုတော့ ကိုကို နဲ့ တစ်ခန်းတည်းနေရမှာလား^
Kyung Soo တွေးနေတုန်း Min Seok ထွက်သွားပြီ"အတူတူ...နေရမှာလား"
"အင်း"
"တစ်မျိုးကြီးပဲ"
Kyung Soo နားသယ်စပ်ကို လက်နဲ့ပွတ်ရင်း ပြောလိုက်တယ်
^တစ်မျိုးကြီးခံစားနေရတာက ဘာလို့လဲ^"ဘာဖြစ်လို့လဲ ငယ်"
"ငယ် တစ်ယောက်တည်းပဲအိပ်တတ်လို့"
"အခန်းအတူသုံးပြီး သပ်သပ်အိပ်ရင်ရတာပဲ ငယ် ရဲ့"
"ဟုတ်သားပဲ ဟီး😁"
YOU ARE READING
" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"