" ကိုကို့ ရဲ့ ငယ် - 21 "
အရိုက်ခံရတဲ့ဇက်ပိုးက သိသိသာသာနာနေပေမယ့် ကြိုးစားပြီး ခေါင်းကိုမော့ကြည့်တယ်
လက်နှစ်ဖက်ကို ထိုင်ခုံနဲ့ တင်းကျပ်နေအောင် ချည်ထားတဲ့ ကြိုးတစ်ချောင်းရှိပေမယ့် ခြေထောက်ကတော့ လှုပ်လို့ရနေတယ်
ဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကြည့်ပေမယ့် ဘယ်နေရာမှာလဲ Kyung Soo မသိဘူး
အခန်းတစ်ခန်းပဲ သုံးနေသေးတဲ့အခန်းတစ်ခန်း"ဘယ်နေရာလဲ"
ဘယ်သူမှမရှိဘူးအထင်နဲ့ ပြောလိုက်ပေမယ့် ကြားလိုက်ရတဲ့ အမျိုးသမီးအသံတစ်ခု
"စတိုခန်း ပစ္စည်းအဟောင်းတွေထားတဲ့နေရာ"
မှောင်ရိပ်ကနေ တရွေ့ရွေ့ထွက်လာသော သူမ
"Ji Yun?"
"မင်း မှတ်မိသားပဲ ဘယ်လိုလဲ Chanyeol ကိုခနလေးပိုင်ဆိုင်လိုက်ရတာ ဟက်~"
မခံချိမခံသာမေးနေတဲ့အပြင် ခြောက်ကပ်ကပ်ရယ်သံတစ်ခုပါ ကပ်ပါလျက်
"ပျော်လား Chanyeol ကိုပိုင်ဆိုင်ကြည့်ရတာ ပျော်ဖို့ကောင်းလား
ငါ သူ့အနားကို အချိန်အများကြီးယူပြီး ချဥ်းကပ်ခဲ့တာတောင် ငါ့ကို တစ်ချက်မှလှည့်မကြည့်ခဲ့ဘူး
မင်းကိုကျ တမ်းတမ်းစွဲဖြစ်နေအောင် ဘယ်လိုလုပ်ခဲ့လဲ ဘာတွေနဲ့မြှူဆွယ်ခဲ့လဲ စဥ်းစားလို့မရဘူး အော်~ မေ့နေတာ မြှူဆွယ်ရအောင် မင်းက မိန်းကလေးမှမဟုတ်ဘဲ ယောကျ်ားလေးလေ ဟက်~ "Kyung Soo. Ji Yun ကို မျက်လုံးတွေနီရဲနေတဲ့ထိ စိုက်ကြည့်နေတယ်
"တစ်ခုပြောရဦးမယ် ငါနဲ့ Chanyeol နဲ့ကို မိဘချင်းသဘောတူထားတာ ကျောင်းပြီးရင် လက်ထပ်ရတော့မှာ
အချိန်တန်ရင် သူ့ကို ငါပဲပိုင်ဆိုင်ရမှာလေ အဲ့အခါကျ မင်းလိုလူဆိုတာ သူ့ဘဝမှာ မရှိခဲ့ဖူးတဲ့သူလို ဖြစ်သွားမှာ ဟား..ဟား...""မဟုတ်ဘူး ကိုကို့ ကို ငယ် ပဲပိုင်တာလေ ဟုတ်တယ် ငယ် ပိုင်တာ"
Kyung Soo ခေါင်းတွင်တွင်ခါပြီးငြင်းတယ်"တော်တော့! ငါ မင်းကို ဘာမှမလုပ်ဘဲနေမလို့ပဲ မင်းစကားတစ်ခွန်းက ငါ့ကို ဘယ်လောက်သွေးဆူစေလဲ မင်းသိလား"
YOU ARE READING
" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"