" ကိုကို့ ရဲ့ ငယ် - 8 "
Yeol အဘွားအိမ်သွားမယ့်နေ့
^ဘာလိုလိုနဲ့ခုချိန်ထိ ငယ် နဲ့ မတွေ့ရသေးဘူး^
Yeol ရော Kyung Soo တို့အိမ်ပါ အတွင်းဘက်နည်းနည်းကျတာကြောင့် ဘတ်စ်ကားမှတ်တိုင်က ၂ လမ်းကျော်လောက်ကို သွားစောင့်ရတော့ Yeol စောစောထွက်လာခဲ့ရင်း Kyung Soo ဆီကို ဝင်နှုတ်ဆက်ဖို့တွေးမိလိုက်တယ်
"ငယ် "
Kyung Soo ခြံထဲကပန်းပင်လေးတွေ လိုက်ကြည့်နေရင်း ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ Yeol ရောက်နေပြီ
"ကိုကို"
"အင်း"
"ဒီနေ့သွားမှာပေါ့"
"အင်း ငယ့် ကိုမတွေ့ရတာလည်းကြာလို့ ဝင်နှုတ်ဆက်တာ"
^တော်သေးတာပေါ့ ကိုကို ရယ်
အနည်းဆုံးတော့ မျက်နှာလေး မြင်ခွင့်ရသေးလို့^"ဟုတ်"
"ကိုကို သွားတော့မယ်နော်"
Kyung Soo ခေါင်းလေးကို ဖွဖွပုတ်ပေးလိုက်သည်
"အာ~ ခန ကိုကို"
လှစ်ခနဲ့ အိမ်ထဲပြေးဝင်သွားတဲ့ Kyung Soo ကြောင့် Yeol ခနရပ်စောင့်နေလိုက်တယ်
မကြာပါဘူး ပြေးပြီးပြန်လာတော့တယ်"ငယ် ဘာလို့ပြေးလာတာလဲ"
"ဘာမဖြစ်ပါဘူး😁"
"ခုနဘာသွားလုပ်တာလဲ"
"ငယ် Baek အိမ်ကိုသွားမလို့ ကိုကို နဲ့လမ်းကြုံလိုက်သွားမယ်လို့ တီလေးကိုသွားပြောတာ"
"ငယ် လိုက်လို့ဖြစ်ပါ့မလား"
"ဖြစ်ပါတယ် Baek ဒီနေ့အလုပ်မသွားရဘူးတဲ့"
"အပြန်ကျတော့.. "
"မား အလုပ်ကပြန်ရင်းဝင်ခေါ်ပါလို့ တီလေးပြောပေးမယ်တဲ့"
YOU ARE READING
" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"