Part 16

615 48 9
                                    

" ကိုကို့ ရဲ့ ငယ် - 16 "


Kyung Soo ခုနားကြားမှားတာလား ကြားချင်တာတွေပဲ ကြားနေတာလား မသိတော့ဘူး
မျက်လုံးလေးဝိုင်းပြီး ကြည့်နေမိတယ်
Yeol သူ့ကိုချစ်တယ် လို့ပြောလိုက်တာလား

"ဘာ... ဘာပြောလိုက်တာလဲဟင်"

"ကိုကို ငယ့် ကို ချစ်တယ် လို့"

"..............."

"ကိုကို ငယ့် ကိုဟိုးအရင်တည်းကချစ်ခဲ့တာ
ငယ့် ကိုချစ်နေတာ သိတဲ့အချိန်ကစပြီး ခုချိန်ထိ ငယ် မသိအောင်ဖုံးကွယ်ထားခဲ့တာ
ငယ် မသိအောင်ဖုံးကွယ်ထားရင်း တစ်ချိန်တည်းမှာ ကြောက်မိတာက ငယ့် ကိုဆုံးရှုံးရမှာ
ငယ် ကိုကို့ ဆီကထွက်သွားမှာ ကိုကို အရမ်းကြောက်ခဲ့တာမလို့ ငယ့် ကိုဘယ်တော့မှ ဖွင့်မပြောတော့ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ
ငယ့် ကိုဆုံးရှုံးရမှာထက်စာရင် ဒီအခြေအနေတိုင်းက ပိုကောင်းမယ်ထင်ခဲ့လို့"

"..............."

"ငယ် ဖွင့်ပြောတဲ့နေ့က ရုတ်တရက်ဆိုတော့ ကိုကို လည်းသတိမထားမိဘဲ ပြောခဲ့မိတာ
ပြီးတော့ ငယ့် မှာတက်လမ်းတွေ အများကြီးရှိသေးတယ် ကျောင်းလည်းမပြီးသေးတော့ ပတ်ဝန်းကျင်က ငယ့် ကိုအပြစ်မြင်ကြမှာစိုးလို့ ငယ် ရင်မဆိုင်နိုင်မှာလည်းစိုးရိမ်တယ်
ငယ့် အတွက်စဥ်းစားပေးပြီးတော့ 'မဖြစ်သင့်ဘူး' လို့ပြောခဲ့မိတာ
ဒါပေမယ့် ကိုကို ငယ့် ကိုတကယ်ချစ်တာ
အနေနီးလို့လည်းမဟုတ်ဘူး သံယောဇဥ်တွယ်လွန်းလို့လည်းမဟုတ်ဘူး ငယ် ဖြစ်နေလို့ချစ်တာ
ငယ် ကိုကို ပြောတာကြားလား ငယ် "

Yeol. Kyung Soo ပုခုံးကိုလှုပ်ပြီးမေးတော့မှ

"ဟင့်~ "

ရှိုက်သံတစ်ချက်ပြီး Kyung Soo မျက်နှာလေးမဲ့ပြီး တရှုံ့ရှုံ့ငိုလာတယ်

"ငယ် ဘာလို့ငိုနေတာလဲ"

"ကိုကို့ ကြောင့် ဟင့်~ "

"အင်း ကိုကို မှားသွားတယ် ငယ် မငိုနဲ့တော့နော်"

Yeol ပြောရင်းနဲ့ Kyung Soo ပါးပေါ်က မျက်ရည်တွေကို ဖွဖွသုတ်ပေးနေတယ်

"ဘာလို့မှားတာလဲ ဟင့်~ "

"ဘာလို့..."

Yeol ဘာဆက်ပြောရမှန်း တကယ်မသိတော့ဘူး Kyung Soo မငိုတော့အောင် ပြောလိုက်ပေမယ့် ဘာကမှားနေမှန်းမသိ

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now