"ကိုကို ရဲ့ ငယ် - 5 "
Lulu. Kyung Soo နဲ့အတူ ဧည့်ခန်းမှာ ကာတွန်းထိုင်ကြည့်နေရတယ်
ဖတဆိုးလေးပေမယ့် လိမ္မာလွန်းတဲ့ Kyung Soo လေးကို သူမ မချစ်ဘဲဘယ်နေပါ့မလဲ
'သား' ဆိုပြီး ပါးစပ်ဖျားကမချလောက်တဲ့ထိ"Lulu ကာတွန်းကြည့်နေတာလား"
"အယ် မမ ပြန်လာပြီလား"
"အေးပေါ့"
"သားက ပျင်းနေလို့ကာတွန်းအတူတူကြည့်ပါတဲ့လေ "
"သားရယ် တီလေး ကလူကြီးဖြစ်နေပြီလေ "
"သားကတစ်ယောက်တည်းဖြစ်နေလို့ကို "
"ဟုတ်ပါပြီရှင် "
"Kyung Soo yah~ "
"ဘာလာလုပ်တာလဲ "
တံခါးပေါက်ကနေ ခေါင်းလေးဝင်ပြီးခေါ်နေတဲ့ Baek ကို Kyung Soo ဘောက်ဆတ်ဆတ်နဲ့ ပြန်မေးလိုက်တယ်
အိမ်ချင်းတစ်လမ်းကျော်ပဲဝေးတော့ နှစ်ပတ်တစ်ခါလောက် တစ်နေ့လုံးလိုလို လာနေတတ်သေးတယ်"မင်း ပျင်းနေမှာစိုးလို့လာတာလေ "
"အေးပါ ရောက်နေမှတော့လာခဲ့ "
"အန်တီ😁 "
Baek. Suho ကိုကြည့်ပြီး သွားဖြဲပြနေတော့တယ်
"သား လာတာအတော်ပဲ သားသူငယ်ချင်းက ပျင်းနေလို့တဲ့ "
"မပျင်းပါဘူး မားကလည်း "
"ခုနပဲပြောပြီးတော့ "
"သား မပြောပါဘူး တီလေးပြောတာလေ "
"ဟုတ်ပါပြီ သားရယ် ဒီမှာ မားမုန့်ဝယ်ခဲ့တယ် နှစ်ယောက်အတူတူစားကြနော် "
"ဟုတ် အန်တီ "
Suho ကပြောပြီးတော့ Lulu နဲ့အတူထွက်သွားလေပြီ
"မင်းကိုကျွေးမယ်ပြောလို့လား "
"Kyung Soo လေးကလည်းကွာ "
YOU ARE READING
" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"