Part 2

1K 78 24
                                    

" ကိုကို ရဲ့ ငယ် - 2 "


"ကိုကို ငယ် လာတယ် "

"ကိုကို က ငယ် မလာဘူးထင်နေတာ "

Yeol TV ကြည့်နေရင်းက Kyung Soo ကိုလှမ်းပြောလိုက်တယ်

"လာမှာပေါ့ ကိုကိုကလည်း"

"ငယ့် မားကဘာပြောသေးလဲ"

"ညနေကျရင် မားလာခေါ်မယ်တဲ့၊ အစကတော့ မလွှတ်ပါဘူး နောက်မှ ငယ် ပူဆာလွန်းလို့ 😁"

Kyung Soo. China မှာနေတုန်းကလည်း သူစိမ်းဆိုဘယ်သူနဲ့မှ မပတ်သက်ဖူးဘူး ခုတော့ Yeol နဲ့မလို့သာ Suho ကစိတ်ချပြီး ပေးသွားတာ

"အင်း ကိုကို လည်းပျင်းလို့ TV ကြည့်နေတာ"

"ငယ် လည်းကြည့်မယ်လေ "

Kyung Soo လေး Yeol ဘေးကိုကပ်ထိုင်ပြီး ပုခုံးပေါ်ခေါင်းလေးမှီလိုက်တော့ Yeol ကြောင်တောင်တောင်လေး ပြန်ကြည့်နေမိတယ်

"ငယ် အိမ်မှာဆို မား ကိုဒီလိုလေးမှီပြီး ကြည့်နေကျမလို့ "

Yeol လည်းဘာမှပြန်မပြောတော့ဘဲ နေလိုက်တယ်
ဒါပေမယ့် စိတ်ထဲမှာတော့ တကယ်ကိုတစ်မျိုးကြီး

^ကလေးတွေနဲ့ နီးနီးကပ်ကပ်မနေဖူးလို့နေမှာပါ^

သိပ်မကြာပါဘူး မှီနေရင်းက လက်ကိုလာချိတ်တဲ့ လက်သေးသေးလေးတွေ
Yeol လက်မောင်းကို ဖက်လုံးလိုဖက်ပြီး TV ဆက်ကြည့်နေသေးတယ်
သိပ်မကြာဘူး လက်မောင်းကိုပိုပြီးတိုးဖက်လာလို့ ဘေးက ငယ့် ကိုလှည့်ကြည့်မိတော့ အိပ်တောင်ပျော်နေပြီလေ
မှီခံထားရတဲ့ လက်ကလည်း သိသိသာသာကျဥ်နေပြီ

^ဒီတိုင်းဆို ငယ် ဇက်နာနေတော့မှာပဲ^

Yeol ဘေးကခေါင်းအုံးကိုယူပြီး လက်ကိုဖယ်ကာ ခေါင်းလေးကိုဖြေးဖြေးချင်း ခေါင်းအုံးပေါ်လှဲစေလိုက်တယ်
Kyung Soo ကတော့ အိပ်လို့ကောင်းတုန်းပါပဲ
Yeol လည်းဘေးခုံမှာထိုင်ပြီး အိပ်နေတဲ့ သူ့ရဲ့ ငယ် ကိုကြည့်နေမိတယ်

ကလေးလေး မလို့လားမသိ အသားလေးတွေက နုဖတ်နေမှာသေချာတယ်
ခေါင်းအုံးပေါ်မှာဆိုတော့ ပါးဖောင်းဖောင်းလေးက လွဲကျနေပြီး ပါးစပ်ကလေးက ဟတတနဲ့
ထို့နောက်.....

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now