" ကိုကို့ ရဲ့ ငယ် - 13 "
"ငယ် ကိုကို့ ကို ချစ်တယ် "
Kyung Soo ပြောလိုက်ပြီးမှ Yeol ကိုကြောင်ပြီးကြည့်နေမိတယ်
"ကိုကို လည်းချစ်တယ်လေ"
"မဟုတ်ဘူး ကိုကို
ငယ်.. ငယ် ကိုကို့ ကိုချစ်တာက အဲ့လိုမဟုတ်...""မဟုတ်ရင်ဘယ်လိုမျိုးလဲ"
"ငယ် က ကိုကို့ ကိုယောကျ်ား(ချစ်သူ) တစ်ယောက်လိုချစ်တာ "
"ကိုကို ငယ့် ကိုညီလေးတစ်ယောက်လိုပဲချစ်ခဲ့တာ"
^ဘာလို့လဲ^
အလိုက်မသိ ဝဲလာတဲ့မျက်ရည်တွေ Yeol မျက်နှာကိုတောင် ကောင်းကောင်းမမြင်ရတော့ဘူး
Kyung Soo မျက်ရည်မကျအောင် မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်နေတယ်
ခုနခုန်နေတဲ့ ရင်ခုန်သံတွေကပါ နည်းနည်းငြိမ်သွားတယ် မျှော်လင့်တကြီးစောင့်ခဲ့ရတာက ဒီအဖြေရဖို့တဲ့လား"အဲ့ထက်ပိုပေးလို့မရဘူးလား ကိုကို"
စပြီးမှတော့ ဆုံးတဲ့ထိရောက်အောင်သွားရမယ်မဟုတ်လား
^တောင်းဆိုကြည့်မယ် မဟုတ်ဘူး အသနားခံကြည့်မယ် ကိုကို ငယ့် ကိုသာ ပြန်ချစ်မယ်ဆို ငယ် အားလုံးလုပ်မှာ ^
"မဖြစ်သင့်ဘူးထင်တယ် ငယ်"
Yeol ရှေ့မှာမျက်ရည်ဝဲနေတဲ့ Kyung Soo ကိုမကြည့်ရက်ဘူး
ခုချိန်ထိ နေမကောင်းတဲ့ချိန်ကလွဲရင် တစ်ခါမှမျက်ရည်မကျဖူးတဲ့ Kyung Soo က ခုမှဘာလို့"ဘာလို့လဲ ဘာလို့မဖြစ်နိုင်တာလဲ"
"..............."
"ငယ့် ကိုအကြောင်းပြချက်ပေးလို့ရမလား ကိုကို"
"အင်း ကိုကို ငယ့် ကိုဖြူဖြူစင်စင်ပဲချစ်ခဲ့တာ"
"ကိုကို ငယ့် ကိုဂရုစိုက်ပေးခဲ့တာတွေကရော..."
"ညီလေးတစ်ယောက်လိုပဲ"
YOU ARE READING
" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"