" ကိုကို့ ရဲ့ ငယ် - 12 "
Kyung Soo. China ကပြန်ရောက်ပြီ
ဟိုမှာ တစ်ပတ်လောက်တော့ နေလိုက်ရတယ် ဘိုးနဲ့ဘွားအလွမ်းပြေအောင်ပါတဲ့
လေယျာဉ်စီးရတော့လည်း ပင်ပန်းလို့အိပ်နေတာ ခေါ်သံတော့ကြားမိပေမယ့် နားထဲမှာမသဲကွဲဘူး"ငယ် "
Yeol လို့ထင်ပြီးကာမှ နားကြားမှားတယ်ထင်ပြီး ပြန်အိပ်နေလိုက်တယ်
"ငယ် "
မျက်လုံးမပွင့်အောင် မှေးပြီးကြည့်လိုက်တော့ ကုတင်ဘေးမှာရှိနေတဲ့ Yeol
^ကိုကို ကဘယ်လိုရောက်နေတာလဲ အာ~ တီလေး ပြောလိုက်တာနေမှာ^
"ငယ် ထတော့လေကွာ"
"ဟင့် အိပ်ချင်သေးတယ်"
မျက်လုံးမဖွင့်ဘဲပြောနေတဲ့အပြင် Kyung Soo စောင်ကိုခေါင်းမြီးဆွဲခြုံလိုက်သေးတယ်
"ပင်ပန်းနေလို့လား"
"အွန်း "
"အကြာကြီးအိပ်ရင် ငယ် ခေါင်းကိုက်လိမ့်မယ်"
"ရတယ် ဒီနေ့တစ်ရက်ပဲ နော်.. နော်... "
"မရပါဘူး ထ "
"ဟွန့် အဲ့ ကိုကို ကလည်း ပင်ပန်းပါတယ်ဆို အိပ်ချင်..."
Yeol အိပ်ချင်မူးတူးနဲ့ စွာစိလန်အောင်ရန်တွေ့နေတဲ့ Kyung Soo နှုတ်ခမ်းသားအိအိလေးကို လက်နဲ့ဖွဖွလေး ထိလိုက်တယ်
"ရှူး~ တိုးတိုးနေ"
"အိပ်ချင်တယ်ဆိုနေ ကိုကို ရာ အကျင့်မကောင်းဘူး ငယ် ပင်ပန်းတယ်လို့ အိပ်ရေးလည်းမဝသေးဘူး ဟင့်~ ကိုကို ငယ် ထပ်အိပ်ချင်သေးတယ်လေ အကျင့်မကောင်းတဲ့လူကြီးရဲ့ ငယ့် ကို ကိုယ်ချင်းစာပါအုန်း "
လက်ကိုပုတ်ချပြီး မျက်လုံးမဖွင့်ဘဲ နှုတ်ခမ်းလေးထော်ပြီး ပွစိပွစိပြောနေတဲ့ လူသားပေါက်ပေါက်ဖောက်စက်လေး Kyung Soo
Yeol ကုတင်ခေါင်းရင်းဘက်မှာထိုင်လိုက်ပြီး
"ကိုကို့ ကိုခနမှီအိပ်"# အသားမယူပါဘူး ကြာကြာလှဲနေတော့ ခေါင်းကိုက်မှာစိုးလို့ စေတနာနဲ့ပါ အဟမ်းးးးးးးးး
YOU ARE READING
" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"