" ကိုကို့ ရဲ့ ငယ် - 6 "
ဆောင်းဝင်စပြုလာပြီမို့ မြူတစ်ချို့က နေရောင်ကို တစ်စတစ်စဖုံးအုပ်ထားပြီး လေညင်းအေးအေးလေးလည်း တိုက်ခတ်နေသေးသည်အခန်းတစ်ခန်းမှာတော့ စောင်ပုံကြားထဲမှာနစ်ပြီး အိပ်ပျော်နေတဲ့ ဂွမ်းလုံးလေးတစ်ခု ခေါင်းလေးပဲပေါ်နေပြီးတော့ ကွေးကွေးလေးအိပ်ပျော်နေလေရဲ့
Kyung Soo အိပ်ရာထဲမှာ နှပ်နေတာအတော်ကြာပြီ
ရာသီဥတုက အရမ်းမအေးပေမယ့် စောင်ထဲမှာကွေးနေရတာလေးကြိုက်လို့နှိုးစက်သံမြည်လာတာနဲ့ မထချင်ထချင်နဲ့ ကိုယ်လက်သန့်စင်ပြီး ကျောင်းဝတ်စုံလေးလဲရင်း hoodie အဖြူပွပွလေးတစ်ထည်ပါ ထပ်ဝတ်လိုက်တယ်
လေစိမ်းတိုက်ခံရလို့ အခန့်မသင့်ရင် နေမကောင်းဖြစ်တတ်သေးတာမို့
မနက်စာစားပြီး ခြံရှေ့ကဆိုင်ကယ်သံကြားတာနဲ့ ထမင်းဗူးလေးယူရင်း ထွက်လာခဲ့လိုက်တယ်"ကိုကို ဒီနေ့စောသားပဲ"
"အင်း အချိန်ပိုတက်ရမှာမလို့လေ"
"အော် "
"ငယ် ဒီနားခနလာခဲ့"
Yeol ပြောရင်းနဲ့ Kyung Soo လက်လေးကိုဆွဲယူပြီးအနားဆွဲကပ်လိုက်တော့ အလိုက်သင့်ပါလာတဲ့ ဂွမ်းလုံးကြီးကြီးလေးပေါ့
Yeol ခေါင်းကိုစောင်းထားလို့ Kyung Soo နဲ့ မျက်နှာချင်းနီးနေတဲ့အပြင် လက်တွေကပါ လည်ပင်းနားကကျော်ပြီး နောက်ကိုရောက်လာတာကြော်င့ ဝင်သက်ထွက်သက်ကပါ လည်တိုင်ကိုလာပြီး ကျီစယ်နေတာကြောင့် Kyung Soo တောင်တောင့်လေးရပ်နေမိတယ်
ခနနေတော့ ခေါင်းပေါ်ရောက်လာတဲ့ ခေါင်းစွပ်လေး
"နှာစေးမှာစိုးလို့ "
"ဟင်~ ဟုတ် ကိုကို"
^ခေါင်းစွပ်က ကျောပိုးအိတ်အောက် ရောက်နေတာနေမှာ
ခေါင်းစွပ်စွပ်ပေးတာကို စိတ်ကလည်း တောင်ရောက်လိုက် မြောက်ရောက်လိုက်နဲ့^Kyung Soo ကိုယ့်ကိုယ်ကိုတွေးပြီးရယ်နေတုန်း
"ငယ် ဘာတွေရယ်နေတာလဲ"
"ဘာ.. ဘာမှမဟုတ်ပါဘူး ကိုကို"
"သွားရအောင် နောက်ကျနေမှာစိုးလို့"
YOU ARE READING
" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"