TEN

503 72 54
                                    

" ဝါး!!! ကိတ်မုန့်လေးကချစ်စရာလေး။ "

နေ့လည်ထမင်းစားချိန်စီနီယာထည့်ပေးလိုက်တဲ့
ကိတ်မုန့်ဘူးကိုဖွင့်ကြည့်တော့အိမ်မှာလုပ်ထား
တယ်လို့တကယ်ကိုမထင်ရပေ။

စတော်ဘယ်ရီသီးတွေနဲ့အလှဆင်ထားတာများ
တကယ်ကိုချစ်စရာလေး။

ကိတ်မုန့်လေးကိုကြည့်နေရင်းမှမနက်က
စီနီယာသူ့ကိုကြည့်တဲ့အကြည့်ကအတွေး
ထဲဝင်ရောက်လာခဲ့သည်။

တကယ်ကိုနူးနူးညံ့ညံ့ကြည့်နေလိုက်တာများ
အကြည့်ခံရတဲ့ဆယ်ဟွန်းမှာရင်တုန်သလိုလို
ရေငတ်သလိုလိုနဲ့ဘာခံစားချက်ကြီးမှန်းမသိ
ခံစားရပြီးအသက်ရှူမဝသလိုဖြစ်လာရသည်။

" အဲ့ဒါအကုန်လုံးဟိုအစုတ်ပလုတ်ကောင်
ကြောင့်ပဲ!!! ဒင်းကကျောင်းမတက်ဘူးဆိုတာ
ဖုန်းဆက်ရင်စီနီယာနဲ့နှစ်ယောက်တည်းကားစီး
လာခဲ့ပြီးအခုလိုတွေဖြစ်မှာမဟုတ်ဘူး။ "

သကောင့်သားကဖုန်းကိုတောင်စက်ပိတ်ထား
သတဲ့။ မနက်ဖြန်မှဒင်းကိုအမွှေးနှုတ်ပစ်မယ်။

ဝမ်ရိပေါ်ကိုအားရပါးရဆဲနောင်းမကြည်မလင်
ဖြစ်နေတဲ့စိတ်ကမျက်စိရှေ့ကကိတ်မုန့်လှလှ
လေးကြောင့်ပြန်ကြည်လင်လာခဲ့သည်။

" အရသာလေးကရောဘယ်လိုနေမလဲ။
မြည်းကြည့်ရအောင်......အွန်း...... "

လျှာပေါ်တင်လိုက်တာနဲ့ပျော်ဝင်သွားတယ်
ထင်ရလောက်အောင်နူးညံ့နဲ့ကိတ်သားနဲ့
စတော်ဘယ်ရီခရင်မ်ရဲ့ချဥ်စိမ့်နေတဲ့အရသာ
လေးကပြောမပြတတ်လောက်အောင်
စားလို့ကောင်းလွန်းသည်။

ကိတ်မုန့်တစ်ဇွန်းစားလိုက်သဘောတကျ
ဖြစ်နေတဲ့မျက်နှာလေးကပြုံးနေလိုက်နဲ့
ကလေးငယ်ကလိုချင်တာရလို့ပျော်နေသလို
ပူတင်းလုံးလေးကအရမ်းကိုပျော်နေပုံရသည်။

" မင်းလည်းတော်တော်ကဲကဲနော်။ "

​ကန်တင်းရဲ့ခပ်လှမ်းလှမ်းမှမတ်တပ်ရပ်ရင်း
ငေးနေတဲ့ချန်းယောလ်ကဘေးနားကရှောင်းကျန့်
ရဲ့အပြောကိုလည်းဂရုမစိုက်ပါဘူး။

အခုလိုပြုံးနေတဲ့မျက်နှာလေးကိုသာအချိန်ပြည့်
မြင်နေရမည်ဆိုလျှင်နောက်နေ့မာမီ့ကိုပူတင်းလုံး
လေးသဘောကျလောက်မည့်မုန့်မျိုးစုံကိုတစ်နေ့
တစ်မျိုးမရိုးရအောင်လုပ်ခိုင်းရမည်ဖြစ်သည်။

 WITH LOVE [ChanHun OTP]Where stories live. Discover now