ONE

1.6K 103 32
                                    

အတော်အသင့်ကျယ်ဝန်းသောခြံလေးအတွင်း
ခွေးဖြူဖြူလေးတစ်ကောင်နှင့်ပြေးလွှားဆော့
နေသောကောင်လေးတစ်ယောက်.........

လှပတဲ့ထိုမြင်ကွင်းလေးကနံနက်ခင်းကို
ပိုတိုးလို့အသက်ဝင်လှပစေသည်။

" Vi Vi ရား......ဒီကိုလာ.......ကိုကို့ဆီလာပါ။ "

အသံချိုချိုကလေးကဒီအိမ်ရဲ့နေ့ရက်တွေကို
ပြည့်စုံစေတဲ့ဆည်းလည်းသံကလေးဖြစ်သည်။

" ဟွန်းလေးရေ........ဆော့တာကိုခဏရပ်ပြီး
မနက်စာ စားကြရအောင်။ "

" ဟုတ်ကဲ့။ ဟွန်းအခုဝင်လာခဲ့မယ်နော်။ "

အိမ်ပေါက်ဝကလှမ်းအော်တဲ့ကိုငယ့်အသံကို
ဆယ်ဟွန်းအသံပြန်ပြုရင်း Vi Vi ကိုပွေ့ချီပြီး
အိမ်ထဲတစ်ခါတည်းဝင်ခဲ့လိုက်သည်။

" Vi Vi ရေ......မနက်စာစားလိုက်ဦးနော်။ "

မနက်စာ စားပွဲနားကသူ့နေရာလေးမှာ
Vi Vi ကိုချထားပေးလိုက်ပြီးဆယ်ဟွန်းလည်း
လက်ဆေးလို့စားပွဲတွင်ဝင်ထိုင်လိုက်သည်။

" ညကအိပ်ကောင်းရဲ့လား ကိုကြီး။ "

မျက်လုံးလေးများမှိတ်သည်အထိပြုံးလို့
စကားပြောလာတဲ့ဟွန်းလေးကိုရီဖန်ပြုံးပြီး
ကြည့်နေမိသည်။

ဒီအိမ်ရဲ့ဆည်းလည်းလေး.....သူတို့ညီအစ်ကို
သုံးယောက်စလုံးရဲ့ရင်နှစ်သည်းချာလေးဖြစ်သည်။

အငယ်ဆုံးလေးကိုမေမေကအသက်ကြီးမှ
အမှတ်မထင်ဘုရားသခင်ဆီကလက်ဆောင်
ရခဲ့သည့်အပြင်ဟွန်းလေးကိုမွေးဖွားပြီးမှမေမေ
နှင့်ဖေဖေနှစ်ယောက်လုံးရှေ့ဆင့်နောက်ဆင့်
လောကကြီးကထွက်သွားခဲဲ့ကြသည်မို့သူတို့
ညီအစ်ကိုသုံးယောက်ကပင်အဖေလိုရော
အမေလိုပါမေတ္တာထားစောင့်ရှောက်ခဲ့ရသည်။

အကြီးဆုံးဖြစ်သည့်ရီဖန်နှင့်ဆိုလျှင်ဟွန်းလေးက
၁၃နှစ်လောက်ကွာသည်။ ရီရှင်းနဲ့ဆိုရင် ၁၀နှစ်
လောက်ကွာပြီး ဂျုံအင်နဲ့တော့၄နှစ်လောက်သာ
ကွာသည်။

မိသားစုတစ်ခုလုံးရဲ့အငယ်ဆုံးအသည်းကျော်​
လေးမို့အစ်ကိုတွေအကုန်လုံးအရိပ်တကြည့်ကြည့်
နှင့်မျက်နှာတစ်ချက်မငြိုးရအောင်ကိုဂရုတစိုက်
နှင့်ချစ်နေကြရခြင်းဖြစ်သည်။

 WITH LOVE [ChanHun OTP]Where stories live. Discover now